Zawgyi
ပြောရက်လိုက်တာ ရင်တွေကွဲပီလားတောင်အောင်မေ့ရတယ်
မချစ်ပဲတည်ဆောက်ထားတဲ့ အိမ်ထောင်ရေးတစ်ခုက အဲလိုပုံစံမျိုးလား။
ဘာများလဲလို့ သူကကိုယ်ဘာသာနေဖို့နဲ့ သူကောင်မလေးနဲလဲ သူရှိနေရဲ့သာနဲ့ တွဲနေအုန်းမယ်ဆိုတာကိုပြောတာ ရင်ထဲကနာလာပြီ မျက်ရည်များဝဲလာတာကြောင့် ကားမှန်ဘက်ခေါင်းလှည့်၍ နေလိုက်သည် ထက်ပြောနေရင် မျက်ရည်ပါကျလာမှာကြောင့် အမြန်တားလိုက်ရသည် မောင်ရှေ့မှာ မျက်နှာမကျချင်ပါ ပျော့ညံသူလို့ မထင်စေချင်ပါ။
Jm-စိတ်ချပါ မသိစေရပါဘူး
မောင်နဲ့ပတ်သတ် အားလုံးကို လစ်လူရှုပြီသာပါ။
Jimin shi လက်ခံတာကြောင့် စိတ်အေးသွားရသည်
အခုက အိမ်ထောင်ရှိနေရဲ့သာ ဖောက်ပြန်နေတာမဟုတ်ဘူးနော် Jimin shi ကသဘောတူလို့ Jimin shi ဘာလုပ်လုပ် သူနဲ့လဲမဆိုင်ပါ ။
Jk-inn
တစ်ဖန် ပြန်တိတ်ဆိတ်သွားပြန်သည် ။
မောင်လဲ ဘာမှမပြောတော့သလို သူလဲဘာမှမပြောမိ ငိုချင်နေတဲ့စိတ်ကိုအောင့်ထားတာကလွဲလို့ပေါ့ ကျတော်လေ မောင့်ကိုဘာကြောင့် အဲလောက်ထိချစ်သွားလဲမသိ။
..
..
..
ခနနေတော့ လမ်းချိုးလေးထဲမောင်ကားလေးဝင်သွားသည် အိမ်ခြေရာခြေတော့သိပ်မရှိ အေးအေးချမ်းချမ်းနဲ့နေလို့ကောင်းမဲ့ ပုံစံလေး တိတ်ဆိတ်နေတာကြောင့် ဒီနေရာလေးကို ကျတော် သဘောကျပါသည် မကြာပါ နှစ်ထပ်အိမ်လေးတစ်အိမ် အပြင်ကကြည့်ရင်တောင် တော်တော်ကျယ်တယ်လို့ပြောရမယ် မောင်ကားလဲ ထိုအိမ်လေးဆီ အိမ်လေးက အညိုပုတ်ရောင်လေး နေချင်စရာ ကောင်းပေမဲ့ အရောင်ကိုတော့ သိပ်သဘောမကျ ဒါမဲ့ မောင်စီစဉ်တာပဲ ကျေနပ်ရမှာပေါ့ နောက်အဆင်ပြေမှ ဆေးထက်သုတ်ရမယ်။
ကျတော်တို့နေမဲ့ အိမ်လေးထဲဝင်လာပြီ
Jimin shi ကိုကြည့်လိုက်တော့ အိမ်လေးကို အကဲခတ်နေတဲ့ပုံရသည် အိမ်ရဲ့အပြင်ပုံစံကို မျက်တောင်မခတ်ကြည့်နေတာ Jimin shi မျက်နှာလေးက အေးချမ်းနေတာတော့အမှန် တည်တည်ကြည်ကြည်လေ။
Jk-Jimin shi ဒီအိမ်ပဲ အဆင်ပြေမှာပါ
မောင်ကကားရပ်၍ သူကိုပြောလာတာကြောင့် ။
