zawgyi
miya-Jeon ဆီလာတာမဟုတ်ဘူး ရှင့်ဆီလာတာ Jeon ကိုကွာရှင်းပေး
ဘာ အခုဒီမိန်းကလေးက သူနဲ့မောင်ကို ကွာရှင်းပေးဖို့်ပြောလိုက်တယ် ဒါဆိုမောင်ကရော လက်ခံလို့ ဒီကို ဒီမိန်းကလေး ရောက်လာတာလား။
Jm-Jungkook ဒီကိစ္စကို သိလား miya shi
Miya-ဘာကိုသိရမှာလဲ Park Jimin ရဲ့ ဟက် ဘာကိုလဲ
Jm- ကွာရှင်းခိုင်းတဲ့ ဒီကိစ္စပေါ့
ဒီကောင်မလေး မသိရင်ယောင်ဆောင်နေတာပဲ။
Miya- Jeon ကလား... မ သိ ဘူး
တစ်လုံးချင်းစီ မသိဘူး လို့် ပြောလားတဲ့ miya ကြောင့် Jm မျက်မှောင်ကြုတ်မိသည် ဘယ်လိုတောင်လဲ။
ဟက် မောင်တောင်မသိတဲ့ ကိစ္စကို ဒီမိန်းကလေး ဒီထိလာပြီ ဒီလိုမျိုးပြောရဲတာ အံသြမိသည်။
Jm-Jungkook တောင်မသိတဲ့ ဒီကိစ္စကို မင်းကကွာရှင်းခိုင်းတယ်ပေါ့ ဒီမှာ ငါနဲ့လက်ထက်ထားတာ Jeon Jungkook မင်းနဲ့မဟုတ်ဘူးနော် ဘာလို့အဲလောက်တောင် လိုက်ရှုပ်နေတာ စိတ်ပျတ်စရာကောင်းတယ် လို့မထင်ဘူးလား Miya shi
တောက်စ် လူပါးဝလို့ သူကများ လိုက်ရှုပ်နေတယ်လို့ထင်ရသေး ငါနဲ့ Jeon ကြားမှာ လိုက်ရှုပ်နေတာ ဘယ်သူလဲ ရှင်ပဲ Park jimin ရဲ့။
Miya-တကယ် လိုက်ရှုပ်နေတာက ရှင်..
Miya သည် ထို့သို့ပြော၍ Jm ကိုဘီးလူးသရဲတစ်ကောင်လိုကြည့်နေသည် Jm ကတော့အေးဆေးသာလျှင်။
Jm-မင်းသာ လူလိုနားလည်ရင် တကယ်လိုက်ရှုပ်နေတာ ဘယ်သူလဲဆိုတာသိမှာပါ ဒီမှာ Jungkook နဲ့ငါက တရားဝင်လက်ထက်ထားတာဆိုတာလဲ သိထားအုန်း မင်းနဲ့ Jungkook နဲ့က အခုလက်ရှိချစ်သူတွေဆိုပေမဲ့ မင်း Jungkook ကိုမပိုင်သေးဘူးနော် Miya shi
Miya-ရှင့် ပါးစပ်ပိတ်ထားစမ်း!!!!!ဘာလို့ Jeon ကိုမပိုင်ရမှာလဲ Jeon ကကျမကိုပဲချစ်တာ Jeon ကိုကျမပဲပိုင်တာ ရှင်က ရှင်က တောက်စ်
အို...အမှန်တွေပြောနေတော့ အထိနာသွားတယ်ထင်တယ် ဒေါသတွေထွက်နေလိုက်တာ။
Jm-ရှင်က...ဘာဖြစ်လဲပြောလေ Miya shi စကားရှာမရလို့လား ဒါဆိုလဲ အခုပြန်လိုက်ပါအုန်း စကားရှာလို့ရတဲ့နေ့ကျမှ ပြန်လာပြောပေါ့
