Change. part 16

924 113 5
                                    

Zawgyi

Tae-မင်းဟာကလဲ နေအုန်းမနက်ဖြန်မနက် ၁၀နာရီ Gold luck cafe ဆိုင်ကို မင်းနဲ့ မင်းယောက်ကျားလာခဲ့ငါစောင့်နေမယ် မလာလို့မရဘူးနော် ငါသူငယ်ချင်းရဲ့ ယောက်ကျားလေးကိုတော့မြင်ဖူးချင်တယ်ကွာ ရုပ်ဆိုးကြီးလား ချောချောလေးလားဆိုတာကို ဟဲဟဲ

အာ ဟုတ်သားပဲ ဒီကောင် သူ့မင်္ဂလာပွဲတုန်းက မလာဖြစ်ဘူးပဲ Daegu ကသူ့အမေလှန်ခေါ်လို့ ဒီကောင်သွားရလို့မလာဖြစ်တာအေးလေ သူလဲမြင်ဖူးချင်မှာပေါ့ နေပါအုန်း ပန်းဆိုင်မှာမြင်ဖူးတယ်မလား ဒါမဲ့သူဘယ်သိပါ့မလဲ။

Jk-အေးအေး လာခဲ့မယ် ဟျောင့်နေအုန်း မင်းအချိန်က နေ့လည်ထမင်းစားချိန်လဲမဟုတ် မနက်စာစားချိန်လဲမဟုတ်

Tae-အေးကွာ ဒါဆို ၉:၀၀ လောက် ဖြစ်လား မနက်စာစားချိန်

Jk-အေး အလုပ်တွေကိုရှုပ်နေတာပဲ ငါ့ယောက်ကျားကိုမြင်ဖူးတော့မင်းကဘာလုပ်မလို့လဲ

Tae-ဟဲဟဲ ယောက်ကျားလို့တော့အသိမှတ်ပြုသေးသားပဲ

ဒီကောင် ဘာဖြစ်နေတာလဲ ။

Jk-မင်းနဲမဆိုင်ဘူး ဟျောင့် ပင်ပန်းနေရတဲ့ကြားထဲမင်းကတစ်မျိုး ဒါပဲ

အဲလိုပြောမှမဟုတ်ရင် ပြီးတော့မှာမဟုတ်ဘူး။

* ဒီကောင်ဘာတွေလုပ်လို့ပင်ပန်းနေတာပါလိမ့် *

Tae-ဒါဆို Bye ဟျောင့် လာဖို့မမေ့နဲနော်ငါစောင့်နေမှာ

ဒီလဒကလဲ လာပါမယ်ဆိုနေမှပဲ မပြီတော့ဘူး ဒီညငါအိပ်ဖြစ်တော့မယ်။

Jk-အေး

(တီ)

*ဖုန်းချတာလဲမြန်လိုက်တာ မလာလို့ကတော့ အိမ်ထိလိုက်လားမှာ Kim Taehyug ပါ မင်္ဂလာဦးညမှာခွဲအိပ်တယ်ဆိုတာကတော့ ဟူး..*

ငါကသာလာမယ်လို့ပြောတာ ဟိုလူကလိုက်ပါ့မလား မလိုက်ချင်လဲ လိုက်ရမယ်ဒါပဲ အိပ်ပြီ ကိုယ့်ဘာသာနေဖို့ပြောထားတယ်လေ မဆိုင်ဘူး။
..
..
..
..
..
.............

Jk-ဟင်းး ဝှါး

အိပ်လို့ကောင်းလိုက်တာကွာ နာရီကိုကြည့်လိုက်တော့ မနက် ၈:၀၀ ဟင် Tae ချိန်းထားသေးတာပဲ ဒီအချိန်လောက်ဆို Jimin shi လဲနိုးလောက်ပြီပေါ့။

Change ||MK|| ( Un + Zg )Where stories live. Discover now