Zawgyi
Jihyng- Hyung ဟိုမှာ Hyung ယောက်ကျားလား
သူ့နာမည်ခေါ်သံနှင့်အတူ Jihyng အပြောကြောင့် အနောက်ကိုလှည့်ကြည့်လိုက်သော ဟင်!!!!!!!။
Jm-Jungkook
Jk-လာခဲ့စမ်းပါအုန်း!!!
တကယ်ကြီး..တကယ်ကြီး...ရောက်ချလာတာပဲ တွေးလို့တောင်မဆုံသေး မိမိလက်ကိုဆွဲထားတဲ့ Jungkook လက် အချိန်ကမြန်ဆန်လိုက်တာ ဘယ်လိုလာပြီ ဘယ်လိုကိုင်လိုက်လဲမသိ။
Jm-နေပါအုန်း ဘာလို့အတင်းဆွဲနေတာလဲ....Jungkook!!!!
ကိုင်ရုံတင်မဟုတ် အတင်းကိုဆွဲခေါ်နေပါသော Jungkook ကြောင့် စိတ်ရှုပ်မိသည် Jihyng ကလဲအူလည်လည်လေးနဲ့ကြည့်နေသည်။
Jm-Jungkook!!!! ငါမင်းကိုလွှတ်လို့ပြောနေတယ်လေ
Jk ရဲ့မျက်လုံးတွေသည် Jihyng ဆီသို့စူးစူးရဲရဲကြည့်၍နေသည်။
လက်ကိုအတင်းရုန်း၍နေပါသောလဲ အခုထိဆွဲထားသော Jk မျက်လုံးတွေကလဲ Jihyng ကိုကြည့်နေတာရဲရဲတောက်။
Jk-ခင်ဗျားအေးအေးဆေးဆေးလိုက်ခဲ့ မဟုတ်ရင် ခင်ဗျားရှေ့ကကောင်ကိုထိုးမိမယ်
Ji..Jihyng ကိုပြောတာလား သူ့ကိုဘာလုပ်နေလို့လဲ
မဖြစ်ပါဘူး ဆိုင်ကလူတွေကလဲကြည့်နေတာမျက်တောင်မခတ် ဒီအတိုင်းဆက်နေနေရင်ရန်ပွဲကြီးဖြစ်သွားလိမ့်မယ်။Jm-ဒါဆိုလွှတ် လိုက်ခဲ့မယ်
Jk-လာဗျာ....
မလွှတ်ပါ လက်ဆွဲ၍ခေါ်သွားပါသော တစ်စွပ်ထိုး Jk ကြောင့် ရက်ကန်ရက်ကန်ပါသော Jm ကို တစ်ယောက်ထဲ ကျန်ခဲ့တဲ့ Jihyng ကြည့်နေတာ ပါးစပ်လေးကိုဟလို့။
Jk-တက်ကားပေါ်!!!!!
ကားနားကိုဆွဲခေါ်သွား၍ ကားပေါ်တက်ခိုင်းသော မောင်Jk ကြောင့် သူလဲဘာမှမပြောတော့ပဲ ဒီအတိုင်း တက်သွားလိုက်သည်။
..
..
..
ဘာလဲ ဘာမှပြောစရာမရှိဘူးလား ဒါဆိုဘာလို့လာခေါ်နေတာလဲ ဒီအတိုင်းအားယားနေတဲ့အကောင်။အိမ်အပြန်လမ်း ၃ပုံပုံ ၁ပုံလောက်ရောက်နေပြီ ဘာဆိုဘာမှမပြောသေးတဲ့ Jk ကြောင့် Jeon jimin တင်းပြီလေ။
Jm-ရားးး မင်းငါ့ကိုဘာလို့လာခေါ်တာလဲ
အရှေ့ကိုပဲကြည့်ပြီ ဘာမှပြန်မပြောပြန်တဲ့ Jk က Jeon Jimin ပြောတာတောင်ဂရုမစိုက်တဲ့အလား။