part 5💗

1.5K 104 17
                                    

Unicode

အော်သံတစ်ခုကိုကြားရပြီးနောက်
ကျွန်တော့်ကိုတစ်စုံတစ်ယောက်ကဖက်တွယ်ခြင်းကိုခံစားလိုက်ရတယ်...သေချာကြည့်မိမှ

"Kim taehyung....''

သူတကယ်ပဲကြောက်နေခဲ့တာ အခုလဲပေါင်ပေါ်တက်ပြီးလူက်ိုဖက်ထားလိုက်တာ အသက်ရှုတောင်မဝတော့....

ဒီအတိုင်းလေးဆက်နေချင်သေးပေမယ့်လည်း ကြာကြာနေရင်သူ့ရဲ့အဖက်ကြမ်းမှုကြောင့် ဒီမှာပဲဘဝကူးသွားတော့မယ် မဖြစ်သေးပါဘူး ငါကမင်းနဲ့ပေါင်းဖက်အုံးမှာမို့ အခုတော့ဒီလောက်ပဲပေါ့....။

"သရဲကမရှိတော့ဘူး ငါ့ကိုလွှတ်ပေးတော့ မင်းဖက်တာငါသေတော့မယ်....''

ပြောလိုက်မှ ကဗျာကယာ မော့ကြည့်လာတဲ့သူ့မျက်နှာ ဘယ်လောက်တောင်ကြောက်သွားခဲ့သည်မသိ နှာခေါင်းထိပ်လေးတွေရဲနေပြီး မျက်ဝန်းမှာလဲမျက်ရည်စတွေတွဲခိုလို့......
ဒါကဇာတ်ကားလေးတစ်ကားပါ ဒါတောင်ကြောက်နေရင် မင်းဘဝတစ်လျှောက်ဘယ်လိုရှေ့ဆက်မှာလဲသိချင်မိတယ် ဒါပေမယ့် ငါကကာကွယ်ပေးပါ့မယ်။

(ဒီနေရာမှာမရှင်းမှာစိုးလို့ပါ KTH က Jk ရဲ့ပေါင်ပေါ်မှာထိုင်ပြီးခါးနဲ့ကျောကိုသိုင်းဖက်ထားတဲ့ပုံမျိုးမို့ မော့ကြည့်တာလို့သုံးထားတာပါ နောက်ပြီး KTH က Jk ထက်ဒီထဲမှာပိန်ပြီးအကောင်သေးသေးလေးပါ မြင်ယောင်ကြည့်ဘယ်လောက်တောင်ကြည်နူးဖို့ကောင်းလိမ့်မလဲ)

"ဟေ့ကောင် မင်းကငါ့ကိုလွှတ်ခိုင်းပြီး ဘာလို့ပြန်ဖက်နေတာလဲ လွှတ်လို့ လွှတ်ပါဆို လွှတ်...''

အစထဲကသရဲကားမှန်းသိရင်မကြည့်ပါဘူး အခုတော့ အရှက်ကိုလုံးလုံးကွဲတာပဲ kim taehyungရေ

ဒီကောင်ကလဲငါဖက်တာပဲခံပေါ့ ဘာကိစ္စပြန်ဖက်ရတာတုန်း.... တကယ်ပါပဲ jimin အစု​တ်ပလုတ်သူငယ်ချင်းကောင် ဘာလို့ဒီကောင့်ကိုခေါ်ခဲ့ရတာလဲ။

မျက်နှာပူတယ် တစ်လျှောက်လုံးချေခဲ့သမျှ အခုတော့ရှက်လိုက်တာ....

"Sorry မင်းကြောက်နေအုံးမယ်ထင်လို့ငါကဖက်မိတာပါ''

ကျွန်တော့သူ့ကိုဖက်လိုက်မိတာပဲ သူဘယ်လိုခံစားနေရမှန်းမသိပေမယ့် ကျွန်တော့်ရင်ခွင်ထဲမှာသူရှိနေတယ်ဆိုတဲ့အသိက အေးစက်နေတဲ့ကျွန်တော့်ဘဝနဲ့ကျွန်တော့်နှလုံးသားကိုနွေးထွေးစေတယ်....။

Do You Love Me? (Completed) Where stories live. Discover now