part 19💗

1.3K 88 0
                                    

Unicode

ဒုန်းကနဲအသံနှင့်အတူ ကားလေးဟာရပ်တန့်သွားခဲ့သည်။

''Si(ဆိုင်)...ဘယ်လိုဖြစ်တာလဲ''

ရုတ်တရက်ကြီးသစ်ပင်ကိုဝင်တိုက်မိတဲ့ simon အား jungkook မေးလိုက်သည်

''လန့်သွားလား ဆရာ...အမျိုးသမီးတစ်ယောက်ကားရှေ့ကဖြတ်ဝင်လာလို့ ​ရှောင်လိုက်တာ အရှိန်လွန်သွားတယ်''

simon အပြောကြောင့်ကားလမ်းဖက်ကိုကြည့်မိတော့ လမ်းဘေးမှာလဲကျနေသည့်အမျိုးသမီးတစ်ဦး

''ထိခိုက်မိသွားလား သွားကြည့်ရမယ်''

ထိုမျှသာပြောပြီး jungkook ကထိုလဲကျနေသည့်သူနားသို့သွားလေသည်။

jungkook အနားရောက်တော့ ထိုအမျိုးသမီးက

''တောင်းပန်ပါတယ်...အဲ့ဘက်ကကားနဲ့မထိခိုက်မိပါဘူး ကျွန်မဘာသာ လန့်ပြီးလဲသွားတာပါ''

သူ့ကိုတစ်ချက်ကြည့်မလာပဲပြောနေသည့် အမျိုးသမီးရဲ့ ပခုံးတစ်ဖက်အားကိုင်တော့ ထိုအမျိုးသမီးကမော့ကြည့်သည်။

''အမေ....!!''

''အမေ ဟုတ်တယ်မလား''

''မင်းက jung...jungkook လား''

jungkookလည်းမျက်ရည်များဝဲကာခေါင်းကိုတသွင်သွင်ငြိမ့်ပြရင်း အမေဆိုသူအားပွေ့ဖက်လိုက်သည်။

အတန်​ကြာတော့ ဖက်ထားရာမှလွှတ်လိုက်ပြီးထိုနားမှာအေးဆေးစကားပြောလို့ရမည့် ကစားကွင်းအသေးစားလေးကိုတွေ့တာမို့ သားအမိနှစ်ယောက်သား ခုံတန်းတစ်ခုမှာထိုင်လိုက်ကြသည်။

''ဘယ်လိုလုပ်ပြီး ဒီအချိန် ဒီနေရာမှာရှိနေရတာလဲ''

jungkook ဘက်ကစမေးလိုက်ခြင်း...။အီတလီမှာရှိနေရမယ့် အမေဖြစ်သူက မနက်၄နာရီကြီး ဒယ်ဂူမြို့ကရပ်ကွက်တစ်ခုရဲ့လမ်းမပေါ်မှာဆိုတာဖြစ်သင့်ရဲ့လား

''လွန်ခဲ့တဲ့၅နှစ်လောက်ထဲက အမေဒီကိုရောက်နေခဲ့တာ မင်း၇နှစ်အရွယ်မှာ မင်းအဖေနဲ့လမ်းခွဲခဲ့ပြီး အီတလီကိုသွားမယ်ဆိုပြီးထွက်ခဲ့တယ်

အဲ့မှာပဲ၂နှစ်လောက်ကြာတော့ အမေနောက်အိမ်ထောင်ထပ်ပြုဖြစ်ခဲ့တယ် နှစ်အနည်းငယ်ကြာတော့ မင်းနဲ့ ၁၁နှစ်လောက် ကွာတယ့် အငယ်လေးကိုရခဲ့တယ်

Do You Love Me? (Completed) Where stories live. Discover now