part 15💗

1.2K 89 5
                                    

Unicode

ဒါကအမှန်တစ်ခုမဟုတ်ဘူးလို့ယုံကြည်လိုက်ချင်ပေမယ့် phone screen ပေါ်ကရုပ်ပုံနဲ့စာတွေကလှောင်ပြောင်နေသယောင်

''jeon jungkook!!!''
မျက်ဝန်းတွေကဝမ်းနည်းယောင်သမ်းသလို
တစ်ဆက်တည်းမှာပဲ ဒေါသကြောင့်နီရဲနေလေပြီ

''အားးး မုန်းတယ် အရမ်းမုန်းတယ်''

ဒေါသသံရော ငိုကြွေးသံရောပေါင်းကာအော်ဟစ်လိုက်သည့်အသံဟာ နာကျင်ဖွယ်အတိ

ထိုနေရာမှာဘဲငိုကြွေးမိသည်

''ဒါကမင်းမလာတာကိုဝမ်းနည်းလို့ငိုတာမဟုတ်ဘူး jeon jungkook

တုံးအလွန်းတဲ့ငါ့ကိုယ်ငါဒေါသထွက်လို့ပဲ
မင်းကို ရအောင်မုန်းပစ်အုံးမှာ ဒါဒီနေ့ဒီရက်မှာဆုံးဖြတ်ခဲ့တဲ့ဆုံးဖြတ်ချက်ပဲ''

အာဃာတအမုန်းတရားတွေမထားသင့်မှန်းကျွန်တော်သိပါတယ် ဒါပေမယ့် သူ့အပေါ်တော့ချွင်းချက်ပဲ

ပထမဆုံးအချစ်ကလဲသူ့အပေါ်မှာပဲဖြစ်တည်ခဲ့သလို
အမုန်းရယ်လို့စတင်ခဲ့တာလဲ သူကြောင့်ပဲ

နောက်ဆုံးကြိမ်ထိတောင်
မင်းကငါရဲ့တစ်ယောက်သောသူဖြစ်နေခဲ့တယ် မုန်းလိုက်တာ...
.
.
.
.
.
.
.
jungkook ရဲ့သဘောတူညီမှုမပါသည့် စေ့စပ်ပွဲတစ်ခုဟာ နိုင်ငံအနှံ့ပျံ့နှံ့သွားခဲ့သည်

စီးပွားရေးလောကမှာနံပါတ်တစ်ဟူသောဘွဲ့ခံယူထားသည့် jeon group ကဒီထပ်ပိုတည်တံ့နေဖို့ U.Sမှာလဲ top 3 စာရင်းဝင်ဖြစ်သလို နိုင်ငံတကာ စီးပွားရေးလောကမှာထိပ်သီးဖြစ်နေခဲ့သည့် Lee group နဲ့ပူးပေါင်းတာဟာ ပြိုင်ဘက်ကင်းစီးပွားရေးလုပ်ငန်းရှင်ဖြစ်ကြဖို့သက်သက်ပဲ

ဒါပေမယ့် ပြဿနာက ရိုးရိုးမပူးပေါင်းပဲ သားရေးသမီးရေးပါလာတာပဲ မဆီမဆိုင် ကျွန်တော်က လူချင်းတစ်ခါမှမမြင်ဖူးသည့်
lee nora ဆိုတဲ့မိန်းကလေးနဲ့ စေ့စပ်လိုက်ရတာပဲ

ကျွန်တော် ကိုရီးယားကိုပြန်ဖို့လေယာဥ်လက်မှတ်ကြိုဖြတ်ထားခဲ့ပေမယ့် လုပ်ငန်းမှာပြဿနာပေါ်ခဲ့လို့ တစ်ပတ်လောက်နောက်ဆုတ်ပြီးမှသွားနိုင်မယ်တဲ့
အဲ့အထိက it's okay ပါပဲ

Do You Love Me? (Completed) Where stories live. Discover now