Part 16💗

1.2K 86 2
                                    

Unicode

ဆောင်းရာသိီဝင်စအအေးဓာတ်ဟာယခင်နှစ်တွေထပ်ပိုတိုးကာ ချမ်းစိမ့်လို့နေပြန်တယ်

ရာသီဥတုကတောင်ကျွန်တော့်ကိုချုံးပွဲချငိုချလိုက်ဖို့အတွက်ဖိအားပေးနေပြန်တယ်

မနေ့ညကလောလောလတ်လတ်ကြားခဲ့ရသည့်ချစ်ရသူ၏အေးစက်စက်အသံဟာလဲ နားထဲမှာစွဲကာ လွမ်းခဲ့ရသောအသံလေးမို့ အကြိမ်ကြိမ်ကြားယောင်ဆဲ

ဖုန်း message box ကိုကြည့်မိပြန်တော့
ချစ်ရသူဆီမှ သုံးနှစ်တာအတွင်း ပထမဆုံးသဝဏ်လွှာက
''မင်းကို အရမ်းမုန်းတယ်''တဲ့

မုန်းလိုက်ပါ ထယ်....
ကိုယ်ကမင်းရဲ့အမုန်းနဲ့ထိုက်တန်တဲ့သူပါပဲ
ကတိတစ်ခုတည်ချင်တာနဲ့မင်းကိုထားခဲ့မိတာ် ဒါကမှားလားမှန်လားကိုယ်မသိပေမယ့်

ကိုယ်ဒီကိုလာခဲ့မိတာကိုအရမ်းနောင်တရနေပြီ
အဝေးမှာရှိစဥ်က ငွေပို့ဖိူ့အပြင်ဘာကိုမှဂရုမစိုက်ခဲ့သည့်အဖေက အခုဆို မျက်စိအောက်ကအပျောက်မခံနိုင်အောင်ကို ကိုယ့်ကိုတင်းကြပ်ထားတယ်

ဒီသုံးနှစ်တာအတွင်း ဂျစ်ကန်ကန် ဘုကလန့် jeon jungkook အစား အဖေ့ကြိုးဆွဲရာကနေရတဲ့ ရုပ်သေးရုပ်သဖွယ်သာ ဖြစ်ခဲ့သည်။

အဖေဟာသူဖြစ်တာသူလုပ်ချင်တာကိုပဲသိသည်လေ ကျွန်တော် အဖေနဲ့လည်းအပြိုင်ငြင်းပြ ရှင်းပြမနေချင်တော့ဘူး...။မင်းလောကကြီးအကြောင်းနဲ့ အချစ်အကြောင်းကို နားမလည်သေးပါဘူးတိုသည့်စကားကိုလည်းထပ်မကြားချင်တော့ဘူး။

ကျွန်တော်လိုချင်ခဲ့တာ အဖေ အမေရဲ့ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ်တာ တွေပါ ဒီလိုချုပ်ချယ်မှုမျိုးတွေ မဟုတ်ခဲ့ဘူး...။

ကျွန်တော့်ရဲ့ဖြစ်တည်မှုကိုက မှားနေခဲ့တာလား...

ဒေါက် ဒေါက် ဒေါက်

တံခါးခေါက်သံကြောင့် လက်ရှိကာလသို့ပြန်ရောက်ကာ ချောင်းတစ်ချက်ဟန့်လိုက်ကာ

''ဝင်ခဲ့ပါ''

ခွင့်ပြုချက်ရသည်နှင့် တံခါးအားအသာဖွင့်ကာ ဝင်လာသည်က မိန်းကလေးတစ်ဦး။

ထိုမိန်းကလေးက t shirt ပွပွအနက်ရောင်ကိုမှ ဂျင်းအ​ပြာဘောင်းဘီခပ်ပွပွနဲ့ဝတ်ဆင်ထားပြီး ဆံပင်ဂုတ်ထောက်များဟာလည်း ပွယောင်းဟန်ပုံမျိုးအသွင်ဆောင်သည်။

Do You Love Me? (Completed) Where stories live. Discover now