Unicode~~
"ဂျောင်၀န်း ကျွန်တော် ဂျောင်၀န်းကို သဘောကျတယ်"
သူ့အရှေ့မှာရပ်နေတဲ့သူကို သူသိပါသည် သူကိုယ်တိုင် သဘောကျနေရတဲ့သူပဲလေ ဒါပေမယ့် ဘာအကြောင်းကြောင့် ဒီလိုလာပြောနေတာလဲ....
"ငါနဲ့မင်းက သိလို့လား မင်းက သဘောကျတယ်ဆိုတော့"
"ခုသိသွားပြီပဲမလား"
"ဖယ်စမ်းပါ ငါ့ကိုအာရုံလာမနောက်နဲ့ "
"ဂျောင်၀န်း ကျွန်တော်တကယ်ပြောတာပါ ကျွန်တော် ဂျောင်၀န်းကို တကယ်သဘောကျတာလို့"
သူ့နောက်ကမမောမပန်းနဲ့တကောက်ကောက်လိုက်ကာ သဘောကျကြောင်းကို မနားတမ်းပြောနေတဲ့ကောင်လေး....
ဘာမှမဖြစ်သလိုသာ ဟန်ဆောင်နေတာ တကယ်တမ်းကျ သူလဲရင်တွေခုန်နေတာပဲလေ....
သိရသလောက် ရီခီက ဟိုအပတ်ကမှ ကောင်မလေးတစ်ယောက်နဲ့ပြတ်ထားတယ်လို့ကြားထားတာလေ ဘာအကြောင်းပြချက်နဲ့များ သူ့ကို လာနှောင့်ယှက်နေရတာလဲ....
ဒဏ်ရာတွေပေးဖို့ဆိုငါ့ဘ၀ထဲ၀င်မလာစမ်းပါနဲ့ကွာ~~
"အတန်းရှေ့ရောက်နေပြီ ဘာလဲ အတန်းထဲထိ လိုက်၀င်အုံးမှာလား"
"အာ ဂျောင်၀န်းနောက်လိုက်နေတာနဲ့ပဲ ဘယ်ရောက်နေမှန်းတောင်မသိလိုက်ဘူး ကျွန်တော်တို့မကြာမကြာတွေ့ကြမယ်နော်"
ဘာမှပြန်ပြောချိန်တောင်မရပဲ ထွက်ပြေးသွားတဲ့ကောင်လေး...
ယန်းဂျောင်၀န်းရေ ကိုယ့်ထက်တစ်နှစ်ငယ်တဲ့ကလေးကလာစနေတာကို ရင်ခုန်မနေစမ်းပါနဲ့....
~~~~~~~~
လွန်ခဲ့သော ၂နှစ်__အချိန်အားဖြင့် ည၁၀နာရီ....
ကျောင်းချိန်အပြင် study ချိန်ဆိုပြီးပါတက်ရတဲ့သူ့အဖို့ အိမ်ပြန်နောက်မကျသည့်ရက်ဆိုတာ မရှိသလောက်အောင်ပင်ရှားလှသည် သို့သော် ဒီနေ့လာသည့်ဆရာမှာ အသစ်ဖြစ်တာကြောင့် ပို၍ပင်နောက်ကျသွားသည်....
အထက်တန်းတတိယနှစ်ကျောင်းသားအနေဖြင့် စာပြီးရင်းစာသာခေါင်းထဲထည့်ထားရသည် နေပင်မထွက်သေး ကျောပိုးအိတ်လွယ်ကာ စာသင်ဖို့သွားရပြီး နေထွက်ခါနီးမှပင် အိပ်ယာ၀င်ရသည့် နေ့ရက်များကို သူအကြောင်းမဲ့မုန်းနေသည်မဟုတ်....