Unicode~
semester အပြီးကာလမို့ ကိုကို့ကိုမတွေ့ရသည်မှာ ၁၀ရက်လောက်ပင်ဖြစ်တော့မည်..... ကိုကို့ကို အလွမ်းသယ်နေစဥ် ဖုန်း၀င်လာသည်မို့ ကြည့်လိုက်တော့ ဆောနူ....
"ဘာလဲ အလုပ်ရှုပ်တဲ့ကောင်"
*အချိန်ပိုင်းအလုပ် ဒီနေ့ရောရှိတာလား*
"အမ်... ဘာလို့လဲ"
*ဒီနေ့လေ စီနီယာ ဂျုံဆောင်းတို့နဲ့ သွားသောက်မလို့ အဲ့ဒါ မင်းအားလားလို့ တစ်ယောက်တည်းမသွားချင်လို့ကွာ*
"အော် လက်စသတ်တော့ ဖွန်ကြောင်ခံဖို့ကို တကူးတက ငါ့ကိုခေါ်တယ်ပေါ့"
*နီခီရာ မင်းတုန်းက ငါကူညီထားပးတယ်လေဟာ*
"အေးပါကွာ ငါလဲ ဒီနေ့အားနေတာ လိုက်ခဲ့ပေးမယ် စိတ်ချ "
* အိုခီ BYE ၆နာရီဆုံမယ်*
~~~~~~~~~~~~~~~~
"ဂျယ်ယွန်း အကို ဟီးဆွန်းက ဒီနေ့ဒီမှာရှိမယ်ဆိုတာ သေချာလို့လား"
"သေချာပါတယ်ကွာ စီနီယာဆောင်းဟွန်းတို့နဲ့တူတူရှိနေမှာတဲ့ "
"ဘယ်သူပြောလဲ "
"အာ ဒီတိုင်း သိတာ"
ဒီလိုဆူဆူညံညံနေရာတွေကို ဂျောင်ဝန်း နဲနဲလေးတောင်သဘောမကျပါ ဂျယ်ယွန်းကြောင့်သာလိုက်လာတာ သူ့ဘာသာဆို နောက်နှစ်ဝက်အတွက်ကြိုပြီးစာလုပ်နေပြီမို့ ဒီလို အချိန်ဖြုန်းတဲ့အလုပ်တွေကိုနဲနဲလေးတောင် မနှစ်သက်ပါ....
"အာ ဟိုမှာတွေ့ပြီ"
တွေ့ပြီပြောလို့ ဂျယ်ယွန်းပြတဲ့နေရာကိုကြည့်လိုက်တော့ အကိုဟီးဆွန်းကိုမတွေ့ မြင်တာက နီရှီမူရာရီခီ....
"ဘယ်မှာလဲ အကို ဟီးဆွန်းက"
သူပြတာတောင်မတွေ့ဘူးလားဆိုပြီး လက်ညိုးထိုးပြရန် လုပ်ပြီးကာမှ...
"အာ မင်းကအကို့ကိုဘယ်မြင်မှာလဲ မင်းကလေးကြီးကိုပဲ မျက်စိမခွာနိုင်ကြည့်နေတာကိုး"
"ရှင်းမ်ဂျယ်ယွန်း!!!!!"
"လာ သွားမယ် အကို့ဆီ"
ဂျယ်ယွန်း ခေါ်ရာနောက်လိုက်ပြီး သူတို့အနားရောက်တော့ ဆေးလိပ်ဖွာနေတဲ့ ငယ်က ချက်ချင်း ဆေးလိပ်ကိုပစ်ချလိုက်သည်.... သူအထက်တန်းကတည်းကဆေးလိပ်သောက်သည်ကိုသိပြီးသားမို့ မထူးဆန်းနေပေမယ့် သူကတော့ လိမ္မာချင်ယောင်ဆောင်နေသည်.....