Unicode~
'hello အမိန့်ရှိပါခင်ဗျ'
"နီရှီမူရာ ကျောင်းလာစမ်း!!!!"
'ဗျာ ဂျောင်၀န်းလား'
"ဟုတ်တယ် ငါယန်းဂျောင်၀န်း"
'ဘာလဲ ကျွန်တော့်ကိုလွမ်းနေပြီလား ခုကတည်းက'
"နီရှီမူရာရီခီ!!!!"
'ရီခီလို့ပဲ ခေါ်ပါဆိုဗျာ'
"ငါကကလေးလား မင်းကမုန့်ပေးလိုက် စာပေးလိုက်နဲ့ ကလေးအကွက်တွေနဲ့"
'ဂျောင်၀န်းပဲ ကျွန်တော့်ကိုမတွေ့ချင်ဘူးဆို ကျွန်တော့်အချစ်တွေကိုယုံအောင်လို့ဒီလိုပဲလုပ်ရတာပေါ့'
"အမြဲကပ်မနေဖို့ပဲပြောတာ ရှောင်နေဖို့မဟုတ်ဘူး မနက်ဖြန်ကျောင်းမှာမြင်ချင်တယ် ဒါပဲ"
~~~~~~~~~~
"ဟက် ဒီနေ့တော့ကျောင်းကိုပေါ်ပေါ်ထင်ထင်လာပြီပေါ့လေ""ဂင်ဆောနူ မင်းအရမ်းလျှာရှည်တာပဲ ကိုကိုက ကျောင်းလာတဲ့လေ"
"တစ်ပတ်ပဲရှိသေးတာပါကွာ အရမ်းကြီးအပြောကြီးမနေပါနဲ့ ၃နှစ်လောက် အနောက်ကပဲချောင်းလာတဲ့ကောင်က ငါ့ကျေးဇူးနဲ့ သဘောကျကြောင်းပြောခွင့်ရတာကို ကိုကိုတွေဘာတွေနဲ့နေရာမေ့မနေနဲ့"
အမှန်တော့ သူကိုကို့ကိုသဘောကျလာသည်မှာ အထက်တန်းပထမနှစ်ကတည်းကပင်......
~~~~~~
လွန်ခဲ့သော၃နှစ်~ပထမဆုံးကျောင်းတက်ရက်...
သူငယ်ချင်းမရှိသည့်သူ့အတွက် တခြားသူများကဲ့သို့ ကျောင်းတက်ရသည်မှာ ပျော်စရာမရှိ.....
ကျောင်းဆင်းချိန်ကွက်တိ ရွာချလာသည့်မိုးကြောင့် စုတ်တစ်ချက်သတ်မိသည်....
"ကျစ် မိုးက အချိန်မဟုတ် အခါမဟုတ် ချီးပဲ"
"မိုးရွာတာလောက်လေးကို အဲ့လောက်စိတ်ပျက်စရာမလိုပါဘူး ရော့ ထီး"
အနောက်ကနေ ထွက်လာတဲ့ အသံကြောင့်ကြည့်လိုက်တော့ သူ့ထက်အရပ်အနဲငယ်မြင့်တဲ့ ကောင်လေးတစ်ယောက်....
"ငါက အထက်တန်းဒုတိယနှစ်က ထီးယူသွားလိုက် အတန်းထဲကကြည့်နေတာ မင်းအခက်တွေ့နေတယ်ထင်လို့ ထီးလာပေးတာ အကိုတို့က studyချိန်ရှိသေးတာမို့ အဲ့ချိန်ဆို မိုးတိတ်လောက်ပြီ နောက်ဆို အိမ်ကမထွက်ခင် ရာသီဥတုကြည့်ပြီးမှထွက် သွားတော့မယ်နော် အတန်းပြန်စတော့မှာမို့"