~TWO~

665 86 10
                                    

Unicode~~

"မေမေ ဘာလို့မနှိုးတာလဲ နောက်ကျနေပြီ ဒီနေ့အတန်း၀င်မဲ့ဆရာက strictအရမ်းဖြစ်တာပါဆို"

"ယန်းဂျောင်၀န်းရယ် ငါလှမ်းနှိုးနေတာကြာလှပြီ ကိုယ့်ဘာသာမထပဲ မနက်စာစားသွားအုံး"

အဲ့ဒါအကုန်လုံး ဟိုကလေးကြောင့်ပဲ တစ်ညလုံးတွေးနေမိရင်း စနစ်တကျနေထိုင်နေကျ သူ့အချိန်စာရင်းတွေအကုန်ကမောက်ကမဖြစ်ကုန်ပြီ.....

"တော်ပြီ မေမေရာ နားချိန်မှပဲစားတော့မယ် သွားပြီ သွားပြီ"

"အယ် ဒီကောင်လေးတော့ ဖြည်းဖြည်း‌သွားအုံး ဂျောင်၀န်းရေ"

အိမ်ကအလောတကြီးထွက်လာရင်း လမ်းထိပ်အရောက်....

"ဂျောင်၀န်း"

နာမည်ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ ရီခီ....

ကုတ်အင်္ကျီအရှည်ကို ဂျင်းဘောင်းဘီရှည်နဲ့တွဲ၀တ်ထားပြီး အနက်ရောင်ဆံပင်တွေကတော့ စနစ်တကျဖြီးတင်ထားပါလျက်နဲ့တောင် မျက်နှာထက်မှာ တဝဲဝဲ....

စူးရှလွန်းတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေတာမို့ ကျောင်းနောက်ကျနေတဲ့ စိတ်လှုပ်ရှားမှုအစား ဒူးတွေမခိုင်တော့သည်အထိ ဆက်တိုက်လှုပ်ရှားနေတဲ့ နှလုံးခုန်သံကို ပိုပြီးခံစားမိလာရသည်...

"ဘယ်လိုဖြစ်ပြီးဒိီကိုရောက်...."

"အမေးအမြန်းမထူနေပါနဲ့ဗျာ နောက်ကျနေပြီမလား ကျွန်တော်နဲ့တူတူသွားရအောင် ဆိုင်ကယ်ပေါ်တက်"

ဘာမှမပြောရသေးခင်မှာပဲ ဦးထုပ်သေချာစောင်းပေးပြီး မေး‌သိုင်းကြိုးကအစသေချာတပ်ပေးကာ ဂရုတစိုက်ရှိပေးနေသူအား ကျောက်ရုပ်သဖွယ်သာရပ်ကြည့်နေမိသည်....

"ဂျောင်၀န်း ဆိုင်ကယ်ပေါ်တက်လေ "

"ရီခီ အိမ်ကိုဘယ်လိုသိတာလဲ"

"ဂျောင်၀န်းရာ ဆိုင်ကယ်ပေါ်တက်ပါဆို နောက်ကျနေပြီမဟုတ်ဘူးလား"

ထိုအခါမှ ဆရာအားသတိရကာ ဆိုင်ကယ်ပေါ်တက်ထိုင်ရသည်...

"ဂျောင်၀န်း ကျွန်တော့်ကိုကိုင်ထားနော်" ဆိုကာ အမြင့်ဆုံးအရှိန်လားဟုထင်ရလောက်အောင်မောင်းနေသူကား အသာလေး ကိုင်ထားလိုက်မိသည်....

𝑁𝑔𝑒_[Complete]Where stories live. Discover now