1 (Zawgyi)

308 6 0
                                    

ရှင်သန်နေထိုင်ဖို့ မကောင်းလှတဲ့ လောကကြီးမှာ ကျွန်တော်ဆက်ပြီး အသက်ရှင်နေတာက တစ်ခုတည်းသော မျှော်လင့်ချက်ကြောင့်ပါပဲ..

တစ်နေ့မှာ ဒီနေရာကနေ အဝေးကို ထွက်သွားနိုင်ရမယ်..

အဲ့ဒါက သေးငယ်တဲ့ မျှော်လင့်ချက်လေးလို့ ထင်ရနိုင်ပေမဲ့ ကျွန်တော့်အတွက်တော့ အဖြစ်ချင်ဆုံး အိပ်မက်တစ်ခု..

###

ငယ်စဉ်ကတည်းက မိဘနှစ်ပါး မရှိတော့တဲ့ ကျွန်တော်ဟာ အဒေါ်ဖြစ်သူရဲ့ အိမ်မှာ နေရတယ်.. အဒေါ်ရဲ့ ယောက်ျားဟာ ဆုံးပါးသွားပြီ ဖြစ်ပေမဲ့ သူ့ရဲ့ ကိုယ်ပွားတစ်ယောက် ချန်ခဲ့လေတယ်.. ကျွန်တော့် ညီဝမ်းကွဲလေးပေါ့..

ဒီအိမ်မှာ ကျွန်တော်ရယ်၊ အဒေါ်ဖြစ်သူရယ်၊ ထိုကလေးရယ်ပဲ နေကြပေမဲ့ ကျွန်တော့်အတွက်တော့ တကယ့်ငရဲပါပဲ..

အိမ်မှုကိစ္စ အစစ အရာရာကို ကျွန်တော်ပဲ လုပ်ရသလို အဒေါ်ကို အိမ်လခပေးဖို့ အပြင်အလုပ်ကိစ္စကိုလည်း လုပ်ရသေးတယ်.. ပိုက်ဆံရှိတဲ့ လူတန်းစားဖြစ်ပေမဲ့ သူက ကျွန်တော်ကြိုးစားပြီး ရှာထားရတဲ့ ပိုက်ဆံကို လိုလိုလားလားကို ယူပါတယ်.. အဲ့ဒါအပြင် အဒေါ်ရဲ့ ကလေးကိစ္စ အဝဝကိုလည်း ကျွန်တော်ပဲ လုပ်ပေးရတယ်..

သိပ်လှချင်တဲ့ ကျွန်တော့်ရဲ့ အဒေါ်ဟာ မိခင်နို့ရည်ကိုတောင် ကလေးကို မတိုက်ကျွေးတာကြောင့် ကျွန်တော်ကပဲ နို့မှုန့်တွေ ဖျော်လို့ ကျွေးမွေးခဲ့ရတယ်..

မိဘတိုင်းဟာ မြင့်မြတ်တယ်၊ ကျေးဇူးကြီးမားတယ်လို့ ယူဆကြတဲ့ တချို့သော လူတွေရဲ့ အထင်အမြင်တွေကို မြင်ရ၊ ကြားရတဲ့အခါ ကျွန်တော်ရယ်ချင်တယ်..

မမွေးခင် ကိုယ်ဝန်ကို ဖျက်ချတဲ့ မိဘလောင်းတွေရယ်၊ မွေးပြီးသည်နှင့် စွန့်ပစ်တဲ့ မိဘတွေရယ်၊ မွေးထားပေမဲ့ သေချာပြုစုစောင့်ရှောက် မပေးတဲ့ မိဘတွေရယ်၊ ကလေးကို ခိုင်းစေတဲ့ မိဘတွေရယ်၊ ကိုယ့်ကလေးကို ရောင်းစားတဲ့ မိဘတွေရယ်.. ဒီလိုမျိုး မိဘအမျိုးအစားတွေကတော့ မြင့်မြတ်တဲ့အထဲ ပါမယ်လို့ ကျွန်တော်မထင်ဘူး..

တကယ်ကလေ မိဘတိုင်းက မြင့်မြတ်ပြီး ကောင်းမွန်ကြတာ မဟုတ်ပါဘူး.. သင့်မှာ မြင့်မြတ်ကောင်းမွန်တဲ့ မိဘရှိနေတာပါ.. မိဘဖြစ်နေလို့ သူတို့က ကောင်းနေတာ မဟုတ်ပါဘူး.. ကောင်းမွန်တဲ့ လူတွေမို့လို့ ကောင်းမွန်တဲ့ မိဘတွေ ဖြစ်နေတာပါ..

When the hope was lost (Eden Contest) || BTSxOCWhere stories live. Discover now