2 (Unicode)

46 2 0
                                    

မျှော်လင့်ချက် အိပ်မက်လေး ပြိုလဲသွားတာကြောင့် ခံစားချက်တွေ ပျောက်ရှကုန်တယ်..

အင်မတန် ရင်ထဲ ကြေကွဲ ခံစားပြီးတဲ့နောက်မှာတော့ ဘယ်အရာကိုမှ စိတ်မပါတော့ဘဲ အသက်မဲ့စွာ လှုပ်ရှားနေတဲ့ အသေကောင်လိုပါပဲ..

ရှင်သန်နေထိုင်ရတဲ့ အကြောင်းပြချက်လေး ပျောက်ဆုံးသွားတာမို့ အသက်မရှင်ချင်တော့ဘူးလို့ အကြိမ်ကြိမ် တွေးမိပေမဲ့ သတ်သေဖို့အထိ မဆုံးဖြတ်နိုင်သေးပါ..

တစ်ခုခုကို အကြောင်းပြပြီး ဆက်ရှင်သန်ချင်သေးတာ..

ဒီလောက်တောင် ဆိုးဝါးလွန်းတဲ့ လောကကြီးကို ဖက်တွယ်နေမိဆဲ ဖြစ်တာကြောင့် ကိုယ့်ကိုယ်ကိုလည်း ဒေါသထွက်မိပါတယ်.. သတ်ပစ်ချင်ပေမဲ့လို့ မသေချင်သေးဘူး ဆိုပြီးလည်း ဖြစ်နေပြန်တယ်.. တကယ့်ကို စိတ်တွေက အရူးလိုပဲ.. အခုလည်း တစ်ယောက်တည်း စိတ်ထဲမှာ စကားတွေ အများကြီး ပြောနေမိပြန်ပြီ..

အခုချိန်မှာ အသက်ရှင်ဖို့ အကြောင်းပြချက်ကို လိုက်ရှာနေပေမဲ့ လုံးဝ ရှာမတွေ့တော့ဘူးလို့ ယူဆမိတဲ့ တစ်နေ့မှာတော့ ကျွန်တော်ကိုယ့်ကိုယ်ကို သတ်သေမိမယ် ထင်တယ်..

အဲ့လိုဖြစ်တော့လည်း အဆင်ပြေသားပဲ.. အဲ့ဒါကလည်း ဒီနေရာကနေ အဝေးကို ထွက်သွားတဲ့ နည်းတစ်မျိုးပါပဲ.. အနည်းဆုံးတော့ ကျွန်တော့်အိပ်မက်ကို ရှင်သန်ချိန်မှာ မလုပ်နိုင်ခဲ့ပေမဲ့ သေဆုံးချိန်မှာ အကောင်အထည် ဖော်နိုင်မှာပဲလေ..

###

အားလပ်ချိန်တိုင်း အိမ်ခေါင်မိုးပေါ်သို့ သွားပြီး ပတ်ဝန်းကျင်ကို ကြည့်လေ့ရှိတာကြောင့် ဒီနေ့လည်း အားလပ်ချိန် ရသည်နှင့် အဲ့ဒီအပေါ်သို့ တက်လာမိတယ်။

ခေါင်မိုးဆိုပေမဲ့ rooftopဖြစ်တာကြောင့် ညီညာသော မျက်နှာပြင် ရှိသည်မို့ လမ်းလျှောက်ရသည်မှာ အဆင်ပြေပြီး တိုက်ခတ်နေသော လေညှင်းကို ခံစားရင်း ပတ်ဝန်းကျင် ရှုခင်းကို ကြည့်ရတဲ့ ခံစားချက်က ဘဝအမောတွေကို ခေတ္တ ခဏ ပျောက်ကွယ်စေသည်လေ..

သို့ပေမဲ့ တွေ့နေရတဲ့ မြင်ကွင်းက ယခင်ကကဲ့သို့ မဟုတ်တော့..

When the hope was lost (Eden Contest) || BTSxOCWhere stories live. Discover now