4 (Unicode)

23 3 0
                                    

နေ့စဉ်နေ့တိုင်း BTSသီချင်းတွေကို နားထောင်နေမိတယ်..

အမြဲတမ်း အထီးကျန်ပြီး အေးစက်နေခဲ့တဲ့ ကျွန်တော့်ဘဝဟာ အခုချိန်မှာ သူတို့ရဲ့ သီချင်းတွေကြောင့် နွေးထွေးခဲ့ရတယ်..

ဒီနေ့မှာလည်း BTS အဖွဲ့လိုက် သီဆိုထားတဲ့ သီချင်းတွေကို လိုက်လံရှာဖွေနေရင်း တွေ့လိုက်ရတဲ့ သီချင်းခေါင်းစဉ်တစ်ခုက စိတ်ဝင်စားမှုကို ဆွဲခေါ်သွားတယ်..

Answer: Love Myselfတဲ့ .. ဘယ်လောက်တောင် လှလိုက်တဲ့ စကားလုံးလေးလဲ..

ခေါင်းစဉ်ကို သဘောကျသွားတာကြောင့် ဖွင့်ပြီးနားထောင်ကြည့်လိုက်တယ်.. သီချင်းlyricsပါတဲ့ videoဖြစ်နေတာကြောင့် စာသားတွေကိုပါ လိုက်ဖတ်ကြည့်မိတယ်..

တစ်စုံတစ်ယောက်ကို ချစ်ရတာထက် ကိုယ့်ကိုယ်ကို ချစ်ရတာက ပိုခက်ခဲတယ်

အခု ငါတို့ကို ငါတို့ စွန့်ပစ်ဖို့ထက် ခွင့်လွှတ်လိုက်ကြရအောင်

ဘဝကြီးက ရှည်ပါတယ်

ဒီဝင်္ကပါကြီးထဲမှာ မင်းကိုယ်ကိုယ့်ကို ယုံကြည်လိုက်စမ်းပါ

ဆောင်းရာသီပြီးရင် နွေဦးက ရောက်လာမှာပဲလေ

အဓိပ္ပါယ်ကောင်းလွန်းတဲ့ စာသားတွေက ရင်ထဲကို တန်းရောက်သွားတယ်..

တကယ့်ကိုပဲ ဒီလူသားတွေက ကျွန်တော့်အကြောင်းကို သိပြီး ကျွန်တော့်ကို စကားပြောနေသလားလို့တောင် ထင်မိတဲ့ အထိပါပဲ..

ငါ့မှာ ကိုယ့်ကိုယ်ကို ချစ်သင့်တဲ့ အကြောင်းပြချက်တွေ ရှိတယ် ဆိုတာကို မင်းကပြခဲ့တယ်

ဒီစာသားကို ဖတ်နေတုန်းမှာပဲ တွေးလိုက်မိသေးတယ်..

ကျွန်တော့်မှာလည်း ကိုယ့်ကိုယ်ကို ချစ်သင့်တဲ့အကြောင်းတွေ ရှိပါကြောင်းကို သူတို့က ပြောပြနေတာပဲလို့လေ..

တစ်ပုဒ်လုံးကို နားထောင်ပြီးနောက် သဘောကျသည်နှင့် အကြိမ်ကြိမ် အခါခါ နားထောင်နေမိတယ်..

ဒီကမ္ဘာမှာ ကျွန်တော့်ကို နားလည်ပြီး နှစ်သိမ့်ပေးတဲ့သူ ရှိသေးတဲ့အကြောင်း သိလိုက်ရတဲ့အခါ မျက်ရည်တောင် ကျမိပါသေးတယ်..

When the hope was lost (Eden Contest) || BTSxOCWhere stories live. Discover now