လောကကြီးကို စိတ်ကုန်နေတဲ့ ကျွန်တော့်အတွက် လောကကြီးက ပြန်ပေးတဲ့ လက်ဆောင်လား ပြစ်ဒဏ်လား မသိပါ..
ကျွန်တော့်မှာ Covid19ရောဂါ ဖြစ်လာပြီ..
ကာကွယ်မှုတွေ သေချာမလုပ်ဘဲ အပြင်သွားလေ့ရှိတဲ့ အဒေါ်ကြောင့်လို့ ယူဆမိပေမဲ့ Covid19ရဲ့ လက္ခဏာတွေက ကျွန်တော့်ဆီမှာ အရင်ပေါ်ခဲ့တယ်..
ကျွန်တော်နေမကောင်းဖြစ်တာ သုံးရက်ခန့် ကြာပြီးနောက်မှ အဒေါ်ဖြစ်သူတွင်လည်း လက္ခဏာတွေ စပေါ်ခဲ့တယ်.. အဲ့ဒီနောက်ရက်မှာတော့ ညီဝမ်းကွဲဖြစ်သူထံ ရောဂါလက္ခဏာတွေ ပေါ်လာခဲ့တယ်..
အဒေါ်ကတော့ ပြောလေရဲ့..
"နင့်ဆီက Covid19က ငါတို့ဆီကူးတာ.. နင့်ကြောင့် ဒုက္ခဖြစ်ရပြီ"တဲ့
အိမ်ထဲမှ အပြင်ကို သိပ်ပြီး ထွက်လေ့မရှိသလို ရံဖန်ရံခါ အပြင်သွားသည့် အခါတိုင်းလည်း သေချာကာကွယ်မှုတွေ ပြုလုပ်သွားပြီး အိမ်ပြန်ရောက်လျှင်လည်း စနစ်တကျ ပြုမူသော ကျွန်တော့်ဆီက ကူးပါသတဲ့..
ရောဂါ လက္ခဏာ အရင်ဆုံး စတင် ဖြစ်ပေါ်သူက ကျွန်တော်ဆိုတော့လည်း သူပြောတာ မှန်နေသလိုမျိုး ဖြစ်နေတယ် ဆိုပေမဲ့ ကျွန်တော်ကတော့ လူတစ်ယောက်နဲ့တစ်ယောက် ရောဂါလက္ခဏာ စတင်ပေါ်ပေါက်တဲ့ ကာလ မတူညီတာကြောင့်လို့ပဲ ထင်မြင်မိတယ်..
ဒါပေမဲ့လည်း အဲ့ဒါကို အဒေါ်ဖြစ်သူကို ပြောမနေတော့ပါဘူး.. ပြောလိုက်လည်း ဘာမှ ထူးခြားသွားမှာ မဟုတ်တဲ့အပြင် နောက်ဆက်တွဲ ရန်များစရာ ကိစ္စပါ ဖြစ်လာနိုင်တာမို့လေ..
အရင်တုန်းကလည်း မလှပခဲ့တဲ့ လောကကြီးက အခုချိန်မှာ ပိုပြီး အကျည်းတန်လို့..
ပျော်ရွှင်မှုဆိုတဲ့ အရာဟာ ကျွန်တော်ရဲ့ အဝေးကို တစ်နေ့ထက် တစ်နေ့ ပိုမိုပြီး ထွက်ပြေးနေလေရဲ့..
ဒီလောကကြီးကနေ အခုချိန်မှာ ထွက်သွားရတော့မယ်ဆိုရင် ကျွန်တော်ဟာ မပျော်ရွှင်ဘူးဆိုတောင် ဝမ်းနည်းမိမှာတော့ မဟုတ်ဘူး..
စိတ်ပျက်ခြင်းတွေရဲ့ အဆုံးသတ်ဟာ ဒီလိုပါလား ဆိုပြီးတော့ပဲ တွေးမိမယ်လို့ ထင်တယ်..
YOU ARE READING
When the hope was lost (Eden Contest) || BTSxOC
Fanfictionခပ်ယဲ့ယဲ့ မျှော်လင့်ချက်တို့ ပျောက်ဆုံးသွားတဲ့အခါ မျက်ရည်ကျရုံကလွဲပြီး ဘာများတတ်နိုင်မှာတဲ့လဲ.. ဖြစ်ချင်တဲ့ အရာကို မျှော်မှန်းပြီး အရမ်းကို ကြိုးစားခဲ့ပေမဲ့ ရလဒ်က အဆိုးပဲ ဖြစ်နေတဲ့အခါ ရည်မှန်းချက်တွေဟာ ပြိုလဲလို့.. ဒီလိုပါပဲ.. လောကကြီးက နာကျင်နေရပါ...