ဒါက Eden Wattpaddersရဲ့ စတုတ္ထမြောက် "Fanfiction competition"ဖြစ်တဲ့ "Harmless World"ဆိုတဲ့ ပြိုင်ပွဲခေါင်းစဉ်အောက်မှာ ပါဝင်ယှဉ်ပြိုင်ထားတဲ့ fictionတစ်ပုဒ်ပါ.. ကိုယ်ပထမဆုံး ရေးဖူးတဲ့ BTSxOC ficလေးပါပဲ..
ကိုယ် တက္ကသိုလ် ပထမနှစ်တုန်းက အကြီးအကျယ်ကို စိတ်ဓာတ်ကျခဲ့ဖူးတယ်.. Suppleထိခဲ့တာ.. အဲ့မှာ အစ်မက အမေ့ကို သူ့ကို ကျောင်းထုတ်ပြီး အလုပ်သာ လုပ်ခိုင်းတော့လို့ ပြောနေတာကို မထင်မှတ်ပဲ ကြားခဲ့ရတယ်..
တကယ့်ကို သေချင်စိတ်ကို ပေါက်သွားတော့တာပဲ.. ဟုတ်တော့ဟုတ်ပါတယ် ကိုယ်က ပထမနှစ်တုန်းက စာကို လုံးဝကို မလုပ်ခဲ့တာ ဆိုတော့လည်း ကိုယ့်အပြစ်နဲ့ကိုယ်ပါပဲ.. ဒါမဲ့ ဘဝတစ်လျှောက်လုံး ကြိုးစားခဲ့ပါရက် တစ်ခါလေး မကြိုးစားမိတာကို ဒီလောက်ထိ ပြောထွက်စရာ လိုသလားလေ..
အဲ့ဒီအစ်မရဲ့ ပြောစကားကို ကိုယ်ကြားတာကို သူတို့က မသိကြပါဘူး.. ဒါမဲ့ နေ့တိုင်း "စာမေးပွဲကျတယ် ကျမှာပေါ့ တက္ကသိုလ်သွားတက်ပြီး စာမလုပ်ပဲ ဘာတွေလုပ်နေမှန်း မသိဘူး"နဲ့ ပြောကြတယ်..
တကယ်က လုံးဝတစ်နှစ်လုံး အောက်သွားတာ မဟုတ် suppleပဲ ထိတာမို့ အစားထိုး ပြန်ဖြေတာ အောင်တဲ့အခါ နောက်နှစ်ကျောင်းဖွင့်ချိန်မှာ အခုအတန်းဖော်တွေနဲ့ အတူတူပဲ နောက်တစ်တန်းကို တက်ရမှာလို့ ရှင်းပြပါရက်နဲ့ တစ်နှစ်လုံး အောက်သွားသလိုမျိုး အရမ်းပြောကြတာ..
အဲ့တုန်းကလေ တကယ့်ကို စိတ်ဓာတ်တွေ အရမ်းကျခဲ့ရတယ်.. သတ်သေချင်တယ်ဆိုပေမဲ့ မသေရဲသေးဘူး ဖြစ်နေတယ်..
တစ်နေ့ စိတ်ညစ်ညစ်နဲ့ Youtubeမှာ ငိုလို့ကောင်းတဲ့ သီချင်းတွေ လိုက်နားထောင်ပြီး ကြိတ်ငိုနေရင်း videoတစ်ခုကို မရည်ရွယ်ပဲ ဖွင့်မိသွားတယ်..
Singularityတဲ့.. စစချင်း ကြားလိုက်ရတဲ့ အသံကြောင့် ရင်ထဲက အပူတွေတောင် ငြိမ်းသွားသလိုပဲ ခံစားလိုက်ရတာ.. တစ်ပုဒ်လုံးကလေ တကယ့်ကို ရင်ထဲကိုရောက်ပြီး ဆွေးဆွေးလေးနဲ့ နှစ်သိမ့်ပေးနေသလို ခံစားနေခဲ့ရတာ.. အဓိပ္ပါယ်ကို နားမလည်ခဲ့ပေမဲ့ ဆိုတဲ့အသံရယ် တီးလုံးတွေရယ်နဲ့တင် တော်တော်လေး နေလို့ကောင်းခဲ့တယ်..
YOU ARE READING
When the hope was lost (Eden Contest) || BTSxOC
Fanfictionခပ်ယဲ့ယဲ့ မျှော်လင့်ချက်တို့ ပျောက်ဆုံးသွားတဲ့အခါ မျက်ရည်ကျရုံကလွဲပြီး ဘာများတတ်နိုင်မှာတဲ့လဲ.. ဖြစ်ချင်တဲ့ အရာကို မျှော်မှန်းပြီး အရမ်းကို ကြိုးစားခဲ့ပေမဲ့ ရလဒ်က အဆိုးပဲ ဖြစ်နေတဲ့အခါ ရည်မှန်းချက်တွေဟာ ပြိုလဲလို့.. ဒီလိုပါပဲ.. လောကကြီးက နာကျင်နေရပါ...