i. we

175 15 0
                                    

─Unicode

မိုးအေးသည့်အတွက် studio ခန်းအတွင်း ကော်ဖီနံ့များပျံ့နေသည်။ သဲကြီးမဲကြီးမဟုတ်ဘဲ မိုးရေစက်ဖွဲဖွဲများနှင့်အဆောက်အဦးအပြင်ဘက်တွင် မိုးတွေဆွေနေလေသည်။ Air-con အရှိန်ကြောင့် စတူဒီယိုခန်းသည်အေးစိမ့်စိမ့်နှင့်။ သို့ဖြစ်ရာ ပူနွေးနွေးကော်ဖီတစ်ခွက်သည် အကောင်းဆုံးအဖော်မွန်ဖြစ်မည်ထင်။

မကျဉ်းမကျယ်လှသောစားပွဲဝိုင်းတွင် Announcer နှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်လျက်ရှိ၏။ ထိုအထဲမှမိန်းကလေးဖြစ်သူမူ အဆင်သင့်ဖျော်ထားပြီးသားကော်ဖီခွက်ဆီ နှုတ်ခမ်းသားဖြင့်တို့ထိသည်။ ရလဒ်အနေနှင့် အဖြူသဲ့သဲ့မက်ခွက်ပေါ်၌နှုတ်ခမ်းနီရာလေးပေါ်လာသည်မှာ တစွန်းတစသာ။

" အဟမ်း စမယ်နော်! "

" ဟုတ်ကဲ့ "    " ဟုတ်ကဲ့ "

Producerရဲ့သတိပေးသံအဆုံး သူတို့ ၂ ယောက်လုံး ပြိုင်တူခွန်းတုံ့ပြန်လိုက်ကြသည်။ မကြာခင် On Air စတော့မှာကြောင့် သူ့(မ)အဖို့ စကားသံမထစ်စေရန် ချောင်းတစ်ချက်ဟန့်သည်။

" မင်္ဂလာညနေခင်းလေးပါခင်ဗျာ။ Cosmos FM ကနေ ညနေပိုင်းတိုက်ရိုက်အသံလွှင့်နေပါတယ်။ Daily listenerတွေသိကြတဲ့အတိုင်း ဒီနေ့လိုပိတ်ရက်တွေမှာ ကျွန်တော်ဟွန်းဂယူနဲ့ ကျွန်တော့်ပါတနာ,မီဆုတို့ကအတူတူရှိနေပေးသွားမှာပါ။ ဟုတ်တယ်ဟုတ်? မီဆုရှီ "

" သိပ်ဟုတ်တာပေါ့ အားလုံးပဲမင်္ဂလာပါ "

မီဆုရဲ့အောက်နှုတ်ခမ်းသားများ ပင့်တက်သွားသည်။ ဤအချင်းအရာကိုကြည့်ခြင်းဖြင့် ထိုမိန်းမသားလေးပြုံးနေမှန်းသိသာလှသည်။ အလုပ်အပေါ်အာရုံစိုက်ရင်း ခေါင်းနှင့်အနည်းငယ်ချောင်သယောင်ရှိချင်သည့် Headphones ထံလက်ဖြင့်အသာထိန်းသည်။

" ကျွန်တော်ပြောရဲတယ်ဗျာ ဒီနေ့မှာအားလုံးထပ်တူပျော်နေကြမယ်ဆိုတာ။ သတင်းကိုကြားပြီးပြီလို့ထင်ပါတယ် ဒီPandemicကြောင့် ကျွန်တော်တို့ အများကြီး အနေအိုက်ခဲ့ကြတာမဟုတ်လား။ မီဆုအနေနဲ့ရော Pandemic ပြီးသွားတာကိုဘယ်လိုခံစားရလဲ? ကျွန်တော်ကတော့စောက်ရမ်းပျော်နေတယ် HAHA "

On Cloud 9 | SeokJin [Eden Contest]Where stories live. Discover now