ii. better

65 14 0
                                    

─Unicode

တနင်္ဂနွေနေ့‌တိုင်းကပျင်းဖို့ကောင်း‌ပေမယ့် သက်တောင့်သက်သာအဖြစ်ဆုံးပိတ်ရက်ဟု မီဆုအမွှမ်းတင်ထားသည်။ ဘုရားကျောင်းတတ်ပြီးအပြန်ဖြတ်နေကျ ကျောက်စရစ်လမ်းပေါ်တွင်ခြေရာများကျန်ခဲ့သည်။ လမ်းသည် လူသွားလူလာနည်းသည်မို့ Mask ချွတ်ပြီး အပြင်လေကိုတဝကြီးရှူသည်။ ပေါ့ပေါ့စစနေတာမဟုတ်သော်လည်း ရောဂါကိုကြောက်ပြီး Mask မချွတ်လျှင်အသက်ရှူကျပ်ပြီးသေသွားလိမ့်မည်။

ပျင်းပျင်းနှင့်ခြေလှမ်းတွေနှေးကုန်၏။ ကုန်းတက်ဖြစ်ရာ အားမသုံးချင်၍ရပ်ထားသောစက်ဘီးကိုလည်းအတွန်းမပြတ်ခဲ့ပါ။

" မီဆု! အီမီဆုဟုတ်တယ်မလား! "

နောက်ကျောဘက်ကနေ အသံအားကောင်းကောင်းဖြင့် သူ့(မ)နာမည်ကိုခေါ်လိုက်တာကြောင့် မီဆုကိုယ်လေးတစ်ချက်တုန်သွားသည်။ ဘယ်သူမှန်းသိချင်၍ စက်ဘီးလက်ကိုင်ထံတင်းနေအောင်ဆုပ်ကိုင်လိုက်ပြီးပြီးချင်း နောက်သို့ဖြည်းဖြည်းချင်းလှည့်ကြည့်သည်။

မီဆုမျက်လုံးလေးတွေ ဖြတ်ခနဲဆိုအရောင်တောက်လာသည်။ အကြည့်ချင်းဆုံနေသည့်ရင်းနှီးသောသူစိမ်းဟာလည်း သူ့(မ)ကိုပြုံးပြလာသည်။ တိုက်တိုက်ဆိုင်ဆိုင်ထပ်မတွေ့တော့ဘူးလို့ ထင်ခဲ့ပေမယ့်ယင်းအတွေးကား အလကားသက်သက်ဖြစ်လာသည်။

အကြည့်ချင်းလွှဲလိုက်ချင်ပေမယ့် မတွေ့ခဲ့ရသောရက်တွေကိုပေါင်းကာ အတိုးချပြီးမျက်နှာချောချောထံစိုက်ကြည့်နေသည်မှာ မျက်တောင်ခတ်ဖို့မေ့တဲ့အထိပင်။ နာမည်ကိုကအစ သူမှတ်မိနေသဖြင့် အံ့ဩ၍မဆုံး။ သူ့(မ)လိုပဲ Mask မတပ်ထားဘူး။ ရှေ့ဆံပင်တွေက လေတိုက်တိုင်းလွင့်နေသည်။ မောဟန်ပြနေသည့်ဆော့ဂျင်ဆိုသောသူစိမ်းသည် သူ(မ)လှည့်ကြည့်,ကြည့်ဆိုသလို မီဆုအနားပြေးလာသည်။

" မင်းဖြစ်နေလို့ တော်ပါသေးတယ် ဟူး "

အနားရောက်လာတော့ ဆော့ဂျင်ဆိုသောလူသည်သက်ပြင်းချသည်။ ချွေးထွက်နေတဲ့မျက်နှာကိုလက်ဖြင့်သုတ်သည်။ အလောတကြီးပြေးလာပြီးအမောစိုက်ဟန်ပြနေသဖြင့် မီဆုတစ်ယောက်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပေ။

On Cloud 9 | SeokJin [Eden Contest]Where stories live. Discover now