10
3K 351 29
စာစစ်မထားပါ။
                              အပိုင်း ( ၁၀ )
" ဘာ ! "
သူ ခေါ်လိုက်တယ်ဆို လက်တွေက လေပေါ်မှာ မြှောက်ကစားလို့။ ကမ္ဘာ့မျက်နှာကလည်း အံ့ဩမှုတွေက အထင်းသား။
ဘေဘီ!
ကမ္ဘာ ဘေဘီ့ကို သိမ်းကျုံးဖက်လိုက်ပြီး မျက်နှာကလည်း လည်တိုင်နုနုကြား တိုးဝှေ့နေသည်။ ဒီကိုယ်သင်းရနံ့လေး သူသိပ်လွမ်းနေတာ။
" ဟေ့ကောင် လွှတ်အုံး ဦးလေးကို Taxiခ ပေးရအုံးမှာ "
ကမ္ဘာ ဘယ်လောက်ကြာအောင် ဖက်ထားမိတယ် မသိ။ ဘေဘီ၏အသံကြားမှ ဖက်ထားတာ လွှတ်ပေးသည်။ ပြီးနောက် Taxiထဲက ဦးလေးကို တစ်ချက်ကြည့်၍ ဘေဘီ့ကို မင်း လုပ်ချလိုက်ပြန်ပြီလားဟု ကြည့်တော့ သွားစွယ်ဖွေးဖွေးတွေ ပေါ်အောင် ရယ်ပြသည်။
" ဦးလေး ဘယ်လောက်လဲဗျ "
" ၆၅၀၀ ငါ့တူ "
ကမ္ဘာ walletထဲက ငါးထောင်တန် တစ်ရွက်၊ တစ်ထောက်တန် တစ်ရွက်နဲ့ ငါးရာတန် တစ်ရွက် ထုတ်ပြီး Taxiမောင်းတဲ့ ဦးလေးကို  လှမ်းပေးလိုက်သည်။
ကမ္ဘာ ပေးလိုက်တယ်ဆို Taxiမောင်းတဲ့ဦးလေးက ထွက်သွားပြီ ဖြစ်သည်။ ဘယ်ချိန်ကတည်းက သွားချင်နေမှန်း မသိ။
" ဘယ်ချိန်က ပြန်ရောက်တာလဲ "
" အခုပဲ "
" မလိမ်နဲ့ "
" တကယ် အခုပဲ ပြန်ရောက်တာ။ ရောက်ရောက်ချင်း ဘာ့ကို လွမ်းလို့ တန်းရောက်လာတာ "
" အဟွန်း "
ကမ္ဘာ ဘေဘီ၏စကားကြောင့် ဟန်မဆောင်နိုင်အောင်ပင် ရယ်မိသည်။ ဒီဘေဘီက သူ့အညှာကို သိနေတာ။
အခုလည်း တကယ်ကို ရောက်ရောက်ချင်း သူ့ဆီကို လာတဲ့ပုံ။ ကျောမှာ လွယ်ထားသည့်အိတ်တစ်လုံးနဲ့။ ဘယ်ကဘယ်လို သူ ဒီမှာ ရှိနေတာ ဘေဘီ ဘယ်လိုသိတာလဲ။ ပြီးမှ ကောင်းကောင်း ဆူရအုံးမယ်။ အခုတော့ မဆူသေးဘူး။
" နောက်ခါ အခုလို မလုပ်နဲ့ ဘေဘီ ငါ့နေရာမှာ အခြားသူဆို မင်း ဆွဲထိုးခံရလိမ့်မယ် "
ကမ္ဘာ ကားနဲ့ ဘေးကနေ ပွတ်မောင်းဖို့ ခိုင်းတဲ့သူက ဘေဘီဆိုတာကို သိသည်။ ဒါကြောင့်လဲ Taxiမောင်းတဲ့ ဦးလေးက အမြန်ထွက်သွားချင်နေတာ။