24
1.8K 199 15
                                အပိုင်း ( ၂၄ )
" အန်တီ ပြောတာ သား နားလည်မယ်လို့ ထင်တယ် "
" ဘာကြောင့် အခုလို တစ်ထစ်ချပြောနိုင်ရတာလဲ။ အနေနီး! "
နန်းမူ ဘေဘီလုံးကို ခေါ်၍ သူ့သားနှင့် လမ်းခွဲပေးရန် ပြောနေသည်။ မျက်နှာချင်းဆိုင်ထိုင်၍ တစ်ယောက်နှင့်တစ်ယောက် အနေအထားက တင်းမာလျက်ရှိသည်။
အနေနီးလို့ဟူသော အကြောင်းပြချက်နှင့် နန်းမူရာကျော့က လမ်းခွဲခိုင်းသည်။ သားယောင်္ကျားလေးမို့ အခုလို မျိုးတူယောင်္ကျားတစ်ယောက်နှင့် ချစ်ကြိုက်နေသည်ကို လုံးဝလက်မခံနိုင်ပါ။
သူ့သားက အခြောက် မဟုတ်ဘူး။ ယောင်္ကျားတစ်ယောက်။  ပတ်ဝန်းကျင်က လက်ညိုးထိုး ဝိုင်းကဲ့ရဲ့ပြီး တံတွေးခွက်ထဲ ပက်လက်မျှောမည့် ကိစ္စဘယ်လိုမှ လက်မခံနိုင်။
နောက် သူတို့မျိုးရိုး အခုလို လက်ခံကြမှာ မဟုတ်ဘူး။ သားကို ဝိုင်းပစ်ပယ်ကြမည့်ကိစ္စကို မလိုလားဘူး။ သားကို သူတို့အသိုင်းအဝိုင်းမှာ အခြောက်ဆိုပြီး မထင်စေချင်လို။
သူ့သားက အနေနီးလို့ ဖြစ်တဲ့ကိစ္စကို သူက ခွဲကိုခွဲရမည်။ သားက ခဏတာစိတ်ယိမ်းယိုင်းတာ။ သားက မိန်းမတွေကိုပဲ ကြိုက်တာ။ သားချစ်သူကောင်မလေးတွေနဲ့ သားက ထမင်းအတူစားတာကို မြင်ဖူးသည်။
တွဲသွားတွဲလာ လုပ်တာကိုလည်း ကြားခဲ့ဖူးသည်။ အခုက သူ့သားက အနေနီးလို့၊ နောက် မြူ...မြူဆွယ်ခံထားရလို့။
သားက သိပ်လိမ်မာတဲ့ကလေး။ မိဘအပေါ် သိတတ်တဲ့ကလေး။ သားကို ငယ်ငယ်က သူ ခရီးထွက်တိုင်း ဦးအံ့မောင်း၊ဒေါ်ကြီးတို့နဲ့ပဲ ထားခဲ့ရသည်။ သားက အဆင်မပြေသည့်မိဘတွေ၏ အိမ်ထောင်ရေးကို နားလည်ပေးသည်။
သူ ဒီလိုသားကို ယောင်္ကျားတစ်ာက်နှင့်သဘော မတူနိုင်ပါ။ သူ့သားက မိန်းမ ယူပြီး သားတွေ၊မြေးတွေနဲ့ ပျော်ပျော်ပါးပါး မိသားစုဘဝကို ပိုင်ဆိုင်နိုင်ရမည်။
" တကယ်လို့ ကမ္ဘာက ထွက်သွားချင်ပါတယ်ဆိုရင်တောင် ကျွန်တော်က ခြေထောက်ကို ရိုက်ချိုးပြီး ဘယ်သူမှ မသိတဲ့နေရာကို ခေါ်သွားမှာ ဟွန်း "