❗26.5❗
2.5K 176 15
Mature Onထားပါသည်။ ဤအခန်း၌ ပွင့်လင်းမြင်သာသောအသုံးအနှုန်းများ ပါသဖြင့် အသက်၁၈နှစ် မပြည့်သေးသူများနှင့် မကြိုက်နှစ်သက်သောသူများ မဖတ်ဖို့အကြံပြုပါရစေ။
                        အပိုင်း ( ၂၆.၅ )
" ငယ် မမူးဘူး ကိုကို "
သူ၏စကားကို ဖြတ်ပြောလိုက်တဲ့ကမ္ဘာကြောင့် ဘေဘီလုံး လှုပ်ရှားမှုတို့ ရပ်တန့်ကုန်သည်။
နှစ်ယောက်သား ပက်လက်ထပ်လျက်ကြီး ဖြစ်သည်။ အောက်က ကမ္ဘာက ဘေဘီလုံး၏ခါးကို သူ၏ခြေထောက်ဖြင့် ခွပြီးဖက်ထားသည်။ လက်ကလည်း အငြိမ်မနေ အင်္ကျီအတွင်း ဝင်မွှေနေသည်။
" ကမ္ဘာ မူးနေရင် အိပ်တော့၊ မရစ်နဲ့ "
" မမူးဘူးလို့! "
" မူးနေတဲ့သူက မူးပါတယ်လို့ ပြောမလား၊ ညဥ့်နက်နေပြီ အိပ်တော့၊ နံနက်ကျ ခေါင်းတွေကိုက်ပြီး မထနိုင်ဘဲ နေလိမ့်မယ် "
" အရက်သောက်လို့ မထနိုင်မဲ့အစား၊ ဘေဘီ လုပ်လို့ မထနိုင်တာက ပိုမကောင်းဘူးလား၊ နော် နော်လို့ "
လက်က အင်္ကျီအတွင်းမှ Style pants၏ခါးပတ်ကို ဖြုတ်နေသည်မို့ ဘေဘီလုံး ထိုလက်ပေါ်ကနေ အုပ်မိုးလိုက်ရသည်။
" မဆိုးစမ်းနဲ့ ငယ် "
ဘုန်း!
" သွား!! "
ကမ္ဘာ သူ့ကို လေပြေအေးနှင့် တရားလာဟောနေသည့် သူတော်စင်လိုကောင်ကို တွန်းချပြီး နှင်ထုတ်လိုက်သည်။ သူကိုယ်တိုင်လည်း အိပ်ရာပေါ်မှာ ကန့်လန့်ဖြတ်ကြီး အိပ်နေလိုက်သည်။
ခဏအကြာ အဝတ်အစားချွတ်သံနှင့် ရေချိုးခန်းထဲ ဝင်သွားသံကို ကြားလိုက်ရသည်။ ကမ္ဘာ ခေါင်းထောင်ကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။
အာ့မှာ သူတော်ကောင်းကြီး လုပ်ပြီး လက်သမားသာ လုပ်နေလိုက်တော့!!!
မူးနေတဲ့သူက လုပ်မလား။ ဒါကို နည်းနည်းမှ မတွေးဘူး။ ကမ္ဘာ ခန္ဓာကိုယ်ပေါ်က ကြယ်သီးပါအင်္ကျီလက်ရှည်နှင့်ဘောင်းဘီကို ချွတ်ပြီး အခန်းအတွင်း ရောက်ရာအရပ်ကို ပစ်ချလိုက်သည်။
သူ့ခန္ဓာကိုယ်၌ Boxerတစ်ထည်သာ ကျန်တော့သည်။
သိပ်မကြာလိုက် ရေချိုးခန်းတံခါးဖွင့်သံကို ကြားလိုက်ရသည်။ သူ မသိချင်ယောင်ဆောင်ကာ ဝမ်းလျားမှောက်လျက်သာ အိပ်နေလိုက်သည်။