"ကော်ဖီ တစ်ခွက်လောက်ပို့ပေးပါ အတွင်းရေးမှူးကင် "
အပြင်ရှိအတွင်းရေးမှူးအား ဆက်သွယ်လိုက်ပြီး necktieကို အဆုံးထိဆွဲလျှော့ကာ ထိုင်ခုံ၌ ခြေပစ်လက်ပစ်ထိုင်လိုက်သည်။ ကုမ္ပဏီရဲ့ အရေးအကြီးဆုံး Projectအတွက် အစည်းအဝေးကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ရင်ထဲမှ အပူတစ်ခုတော့ လျှောကျသွားသည်။
သို့သော် အပူတစ်ခုကတော့ရှိနေပါသေးသည်။
ထို အပူလုံးလေးဟာဆိုရင်ဖြင့်..."တီ တီ တီ"
အလုပ်စားပွဲပေါ်မှတုန်ခါလာသော ဖုန်း vibrate ကြောင့် အလန့်တကြား နာရီကိုပင် အလန့်တကြားကြည့်မိသည်။ မဟုတ်မှလွဲရော ခုချိန်ထိလေဆိပ်မှာပဲရှိနေသေးတာတော့မဟုတ်ဘူးမလား။အတွေးတို့ဖြင့် ထိတ်လန့်ကာ ဖုန်းကိုကြည့်မိတော့ ထင်ထားသူမဟုတ်။
"ပြောပါ ဦးလေးဆုန်း "
ခပ်တောင့်တောင့် လေသံကြောင့် ဦးလေးဆုန်းမှာ နေရာတင် ထိုင်ငိုချင်သွားသည်။ မိမိရှေ့တည့်တည့်မှာလည်း အကြည့်စိမ်းကြီးတို့ဖြင့် စားမလိုဝါးမလို ကြည့်နေသောမျက်ဝန်းတစ်စုံကရှိသေးသည်မဟုတ်လား။
"ဟို ဟို CEO Jeon..."
"ပြောပါဘာဖြစ်လို့လဲ Jiminတစ်ခုခုများဖြစ်..."
"မောင် လာမကြိုရင် မင်ပြန်မလာဘူးနော် "
စကားပင်မဆုံးသေး အပူလုံးလေးအသံကဖြင့် ဆောင့်ဆောင့်အောင့်အောင့် ထွက်ကျလာသည်။
Jeon Jungkookတို့ နားရင်းပါးရင်းတွေပါပူထူသွားရသည်။ မနေ့ညကတင် လာမကြိုနိုင်ကြောင်း အရေးကြီးအစည်းအဝေးရှိကြောင်း သံတော်ဦးတင်ပြီး ဘာအမျက်တော်မှ မရှိကြေအေးပေးထားသည်မဟုတ်လား။ အခုကျ မောင်လာမကြိုလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဦးလေးဆုန်းကပါ ပဲလှော်ကြားဆားညှပ်ရပြီ။ ဦးလေးဆုန်းမှာလည်း သူငယ်ငယ်ထဲက ကျောင်းပို့ကျောင်းကြိုလုပ်လာရသော လူရင်းသူရင်းမို့လို့ပင် ဒီရစ်ခွေကလေးရဲ့ ဒဏ်ကိုခံနိုင်ခြင်းပင်။ မနက်10နာရီကတည်းက အိမ်ရောက်နေရမယ့်သူက အခု နေ့လည်1နာရီပင်ဖြစ်နေပြီ လေဆပ်မှာထိုင်ရစ်ကောင်းနေတုန်း။"မောင်... လာမှာလား မလာဘူးလား မင်စောင့်နေရတာတော်တော်ကြာပြီ ယောင်းငယ်ကလည်း သူ့အိမ်ကလာကြိုသွားပြီ ခုမင်တစ်ယောက်ထဲ အထုပ်အပိုးတွေနဲ့နော် "
ဘာတွေဒီလောက်တွေးနေမှန်းမသိတဲ့မောင့်ကို Jiminစိတ်မရှည်တော့။ အသံကိုမြှင့်ကာ ထပ်ပြောလိုက်သည်။ ဘေးမှ ဒရိုက်ဘာဦးလေးဆုန်းမှာတော့ အထုပ်ဆွဲ၍သာ လေယာဉ်ကွင်းကိုပစ်ပြေးနေချင်ပြီ။ သူတစ်ယောက်ထဲဆိုတော့ ကိုယ်ကဘာကြီးများလဲ...
"Jiminမောင် မနေ့ညက ပြောထားပြီးပြီမလား မောင်လာမကြိုနိုင်...
"မောင်နော် "
"ဟုတ်ပြီ ဟုတ်ပြီ မောင်လာပြီ ဦးလေးဆုန်းကိုတော့ အထုပ်အပိုးတွေနဲ့ အိမ်ပြန်နှင့်ခိုင်းလိုက်နော် ဟုတ်ပြီလား မောင့်Jimin"
ခြေဆောင့်ကာခေါ်လိုက်သောခပ်ဆာဆာ ခေါ်သံလေးအဆုံး CEO Jeonတို့ ကားပေါ်ရောက်နှင့်ပြီးနေပြီဖြစ်သည်။
လက်ကောခြေရောလန်ပါရဲ့ဗျာ။ quarantineကာလအတွင်း ဒီအပူလုံးလေး အိမ်မှာခြေချုပ်မိနေလို့ စိတ်အေးကာရှိသေး အခု Quarantineကာလပြီးပြီးချင်း ငယ်သူငယ်ချင်းဖြစ်သူနှင့် အနေဝေးကာ သွေးအေးရပါတော့မည်။ ငယ်သူငယ်ချင်းဖြစ်သူနှင့် ပြန်ပြီးရင်းနှီးရလေအောင်ဆိုပြီး ဂျယ်ဂျူကို အလည်အပတ်သွားပြန်သည်။ လည်လို့ပတ်လို့ ဝ ကာမှာပြန်လာပြီး အခုကိုယ့်ကိုရစ်ပြန်တယ်။ ကိုယ့်မယ်လည်း ဒီရစ်လုံးလေးကိုပဲ အသည်းနစ်အောင် ချစ်နေရတော့လည်း သည်းခံပေဦးပေါ့ အမောင် Jungkookရေ။
****************************
Hello ယောတောဘွန်း
အဆင်ပြေကြရဲ့လား
ဒါလေးက တိုတိုသေးသေးပိစိကွေးလေး
ရေးမှာမို့ ချစ်ပေးကြပါဦးနော်။December . 24.2021
YOU ARE READING
မောင်...နော်
Fanfictionမောင်သေချာစဉ်းစားနော်... မင်စိတ်ဆိုးမှချော့တာထက် မင်စိတ်မဆိုးခင်အလိုလိုက် ပေးလိုက်ရင် မင့်အတွက်ရော မောင့်အတွက်ရော ပိုပြီးအဆင်မပြေပေဘူးလား...