Part 5 ( Unicode)

2.9K 289 6
                                    

မိုးဟာ သည်းသည်မဟုတ်။ ကဖျက်ရဖျက်လုပ်ချင်သလားမေးရလောက်အောင် တအိအိရွာကျနေသည်။

"သားတို့ပြောချင်တာကို ဖေဖေနားလည်ပြီ။ဧည့်သည်ကို အရင်ပြန်လိုက်ပို့လိုက်ပါ ပြီးမှဖေဖေနဲ့ စကားပြောကြတာပေါ့"

CEO Parkဟာ ကလေးတွေရဲ့သ‌ ဘောထားကိုနားထောင်ပြီးသည်နှင့် အပြုံးဖြင့် စကားသာသာဆိုသည်။ ထို့နောက် တည်ခင်းထားသော လက်ဖက်ရည်နွေးနွေးကို အရသာခံသောက်နေလိုက်သည်။ မနှစ်မြို့မှု၊ သဘောမကျမှုတို့ စိုးစဉ်းမျှမပါ မျက်နှာအနေအထားမှာ ပကတိကြည်လင်နေသည်။

"ဖေဖေ သားတို့ Jungkookရှေ့မှာပဲ ဖေဖေရဲ့သဘောထားကို တစ်ခါထဲသိချင်ပါတယ်"

Jiminသည် ဖခင်ဖြစ်သူ၏ သဘောထားကိုနားလည်သည်။ ဖေဖေဟာ မည်မျှမကျေနပ်၊ သဘောမကျသည်ဖြစ်စေ မျက်နှာ၌အမူအရာလုံးဝမပြတတ်။ သိပ်ကိုပိရိသည်။ မွေးလာထဲက ဒီအဖေ ဒီသားပဲ အတူတူရှိခဲ့တာကြောင့်သာ Jiminဖခင်၏ သဘောကိုနားလည်နိုင်တာဖြစ်သည်။ အခုလည်း သားတစ်ယောက်လုံးက ချစ်သူကောင်းလေးနှင့်မိတ်ဆက်ပေးလာသည်ကိုပင် အေးစက်စက်ပြုမူနေနိုင်သည်။ ဒီအပြုအမူတို့သည် ကောင်းတဲ့ဘက်‌ရောက်နိုင်သည်တော့ မဟုတ်ဆိုတာကို နားလည်သဖြင့် Jimin၏မျက်နှာမှာ အစကနှင့်မတူ ပျက်ယွင်းနေတော့သည်။ ငယ်ရွယ်စဉ်ထဲက မိမိလိုချင်တာမှန်သမျှကို ဖြည့်ဆည်းပေးခဲ့သော ဖခင်သည် ယခုချိန်မှာတော့ အလိုလိုက်ရန်စိတ်ကူးမရှိသည်ကို သိလိုက်ရ‌သောကြောင့် ယုံကြည်မှုတို့ပင် လျော့ရဲချင်လာသည်။ မောင့်ကိုအားနာလှသည်။ သူစခဲ့တဲ့ တဇွတ်ထိုးဇာတ်ကို မောင်ကပဲပြီးအောင်ဆက်ကရလိမ့်ဦးမည်။

"ကျွန်‌တော်တစ်ခု‌လောက်ပြောပါရစေ
အခုချိန်မှာကျွန်တော်ကအကို Jiminကိုပြည့်စုံတဲ့ နေရာတစ်ခုမှာ မထားနိုင်သေးဘူးဆိုပေမယ့်
ပျော်ရွှင်အောင်ထားနိုင်ဖို့ကတော့ ကျွန်တော်အာမခံနိုင်ပါတယ်"

ဒီအထိတောင်ရောက်လာပြီးမှ Jungkookသည် တိကျတဲ့အဆုံးအဖြတ်မရပါဘဲ ပြန်မသွားချင်။ တစ်ခုခုကိုတော့ အသေအချာသိချင်မိသည်။ CEO Park၏ မျက်နှာအရိပ်အကဲကိုမဖတ်နိုင်သော်လည်း Jimin၏အနေအထားရ ကောင်းတဲ့ကိစ္စမျိုးတော့မဖြစ်နိုင်။ ထို့ကြောင့် သူအရဲစွန့်ကာ စကားစမိခြင်းဖြစ်သည်။

မောင်...နော် Where stories live. Discover now