Part 9 (Zawgyi)

763 18 0
                                    

အခန်းပြတင်းဝကနေမြင်နေရေသောအုံ့မှိုင်းမှိုင်းရာသီဥတုမှာ မနေ့ကအတိုင်းမပြောင်းလဲပဲရှိနေသည်။ ယခုရက်ပိုင်းမိုးဟာ စိပ်စိပ်ရွာလေသည်။ ရာသီဥတုဟာပုံမှန်ထက်ပိုမိုအုံ့မှိုင်းကာ ရှိရင်းစွဲအအေးဓာတ်ထက်ပင်ပိုကဲနေသည်။ ဒီရာသီဥတုကြီးနဲ့ဆိုဒီနေ့လည်းအပြင်ထွက်ဖြစ်မယ်မထင်။ အုံမှိုင်းသောရာသီဥတုကိုအကြောင်းပြကာ သည်အခန်းလေးထဲမှာပင်အချိန်ကုန်နေတာတစ်ပတ်ပင်ပြည့်တော့မည်။ ရက်သတ်တစ်ပတ်ဆိုတဲ့အချိန်အတွင်း အဖြစ်အပျက်တွေကလည်း သိပ်များလွန်းသည်။ မောင်ဟာ သူနဲ့ပြသာနာဖြစ်ပြီနောက်ရက်မှာပင်ဆေးရုံတက်ရသည်တဲ့။ ပြန်တွေးကြည့်လိုက်တိုင်း ဖြစ်သမျှအရာရာဟာ ကိုယ့်အလွန်ချည်းပင်။။ မောင့်ကိုအနားရှိစေချင်တဲ့အတ္တတွေကိုသာ ရှေ့တန်းတင်မိခဲ့ခြင်းပင်။ မောင်ဖြစ်ချင်သည့်ဆန္ဒကိုအလေးမထားမိသလိုဖြစ်မှန်းဒီတစ်ပတ်အတွင်း တွေးတောခဲ့သော အတွေးတို့ဆီမှအဖြေရှာတွေ့ခဲ့သည်။ သာမန်အချိန်ဆိုလျှင်‌ မောင်ဆေးရုံရောက်ဖို့အထိမပြောနှင့်။ ရာသီအကူးအပြောင်းကြောင့်ဖြစ်သောနာမကျန်းမှုကလေးကိုပင် သူပြသာနာရှာကာငိုယိုမည်။ နေမကောင်းသူကိုပင် ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်ရကောင်းလားဟူ၍ပြန်လည် ဆူဟောက်မည်။ သောင်းကျန်းခွင့်ပြုထားသမျှအရာရာကို သောင်းကျန်းပြမည်ဖြစ်သော်လည်း ယခုအချိန်တွင်တော့ မောင့်ကိုပင် မျက်နှာချင်းမဆိုင်ရဲပါ။ မောင်သည် ဆေးရုံတက်သည့်ရက်ရော ဆေးရုံမှဆင်းပြီးကျောင်းပြန်တက်သည့်ရက်တွေမှာရောပင် တာဝန်မပျက်သူ့ဆီဖုန်းအဝင်ကောများရှိနေသည်။ သူသည်ပင် ထိုအဝင်ကောလ်များအား ရင်နာနာနှင့်ထိုင်ကြည့်နေရခြင်းဖြစ်သည်။ ထို့နောက် စာတိုများပင်ပို့ကာ မောင်ဟာစိုးရိမ်ပြပါသေးသည်။ အေးအေးဆေးဆေးစကားပြောချင်ကြောင်း၊ အိမ်မှာရှိနေတာသိကြောင်း၊ မည်မျှတွေ့ချင်ကြောင်း၊ နေမကောင်းဖြစ်နေတာလား အများကြီးနေမကောင်းဖြစ်နေသလား အစားမှန်မှန်စားရဲ့လားစတဲ့အထွေထွေသော အ‌ကြောင်းအရာ‌ တွေနှင့် မောင်ပို့သော စာတိုလေးများကို အပြန်ပြန်အလှန်လှန်ပြန်ဖတ်ကာ အလွမ်းဖြေရပါသည်။ ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိသူဟုခံစားရသောကြောင့် မောင်နှင့်ဖြစ်ပျက်ခဲ့သမျှပြဿနာအစအဆုံးကို မနေနိုင်စွာ တစ်ဦးတည်းသောသူငယ်ချင်းအား ရင်ဖွင့်မိပါသည်။ သူငယ်ချင်းသည်လည်း သိပ်အားပေးကောင်းပါသည်။
"ငါသာ Jungkookဆိုရင် မင်းကိုလိုကောင်မျိုးဆက်မတွဲတော့ဘူး" တဲ့
"စာတွေတော့တောက်လျောက်ပို့ပြီး တွေ့ချင်ကြောင်းပြောနေတာပဲ" လို့ ပြန်ပြောတော့
လူမသားလေးက "အဲ့တာအမုန်းတွေနဲ့လမ်းမခွဲချင်လို့ နောက်ဆုံးအနေနဲ့ကောင်းပေးနေတာဖြစ်လောက်တယ်တဲ့
တစ်တစ်ခွခွပြောကာ နှစ်သိမ့်ပေးသောသူငယ်ချင်းလေးကြောင့် မောင်ပို့သောစာတိုများပင်မဖတ်ရဲတော့ စက်ပါပိတ်ထားလိုက်ရသည်။ အကယ်၍ မောင်နှင့်များတွေ့ပါလျှင် ဘာပြောရမည်နည်း။ ယောင်းပြောသလိုသာ သူ့ကိုလမ်းခွဲစကားပြောမည်ဆိုပါလျှင် သူဘယ်လိုနှလုံးသားနဲ့ရင်ဆိုင်ရမယ်ဆိုတာကို မသိသေးပါ။ တစ်ခုခုကိုသေချာရန်ရင်ဆိုင်သင့်တာကိုရင်ဆိုင်ရမယ်မဟုတ်လား။

မောင်...နော် Where stories live. Discover now