ဒီနေ့ဟာ ကိုရွှေရစ်လုံးလေး၏ သူငယ်ချင်းဖြစ်သူ အစ်ကိုထယ်ယောင်း၏ မင်္ဂလာဆောင်သည့်နေ့ဖြစ်သည်။
ဂျီမင်းမင်္ဂလာဆောင်ကပြန်လာထဲ စကားမပြောဘဲဧည့်ခန်းမှာထိုင်နေသည်မှာ တစ်ညနေလုံးရှိတော့မည်။ မျက်နှာမှာလည်းသုန်မှုန်နေလျက်၊ ဘေးမှ ဂျောင်ဂုပြောနေသည်များကိုလည်း ကြားဟန်မတူ။ တစ်နေရာကိုသာ စူးစိုက်ကြည့်နေသည်။ ဂျောင်ဂုအပြင်မှပြန်လာသည့်အဝတ်အစားတို့လဲပြီးချိန်မှာလည်း ငြိမ်သက်လျက်ပင်ရှိနေသေးသည်။ ခါတိုင်းသာလိကာရှုံးအောင်တစ်မျိုးမဟုတ်တစ်မျိုး ရစ်နေတတ်သော ကိုရွှေရစ်လုံးလေးဖြစ်တာကြောင့် ငြိမ်နေတဲ့အချိန်ကြာလာပြန်တော့လည်း ဂျောင်ဂုမနေတတ်မထိုင်တတ်ဖြစ်လာရသည်။
"မောင်ကမင့်ကို မင်ထင်သလောက်မချစ်ပါဘူး"
ညည်းသံရှည်လေးတစ်ချက်နှင့်အတူ ဂျီမင်းခပ်လေးလေးပြောလာသည်။ ပထမဆုံးထွက်လာသည့်စကားနှင့်ပင် ရစ်ဖို့စတင်လေပြီ။
"ဘာ.ဘာရယ် မင်..ဘာကိုပြောချင်တာလဲ"
ရစ်ဖို့ကြံရွယ်နေတာသိသော်လည်း ပြောချလိုက်မည်မထင်ထားသောစကားတို့ကြောင့် ဂျောင်ဂုထိုင်နေရာကနေ ခါးပင်မတ်သွားရသည်။
"ဟိုမှာကြည့်လေ ငါတို့မယ်ဧည့်ခန်းမှာချိတ်ထားတဲ့ မင်္ဂလာဦးပုံကတောင်လှလှလေးမဟုတ်ဘူး"
ဧည့်ခန်း၌ချိတ်ထားသောမင်္ဂလာဦးပုံကို လက်ညှိုးထိုးကာပြောရင်း နှာပင်တစ်ချက်ရှုံ့လိုက်သေးသည်။
သူတချိန်လုံးတိတ်တိတ်ဆိတ်ဆိတ်နဲ့ နေနေတာ ဧည့်ခန်းမှာချိတ်ထားတဲ့မင်္ဂလာဆောင်တုန်းကပုံကိုကြည့်နေတာပေါ့လေ။ ဂျောင်ဂုအခြေအနေကိုနားလိုက်လည်လိုက်ပြီဖြစ်သည်။ အတူနေလာတာကြာလာတော့လည်း ချစ်ရသူလေးက အရိပ်ကိုဖြတ်ခနဲပြလိုက်ရင်တောင် အကောင်ကိုခေါင်းအစခြေအဆုံးမြင်လာတတ်ပြီဖြစ်သည်။
ကိုရွှေရစ်လုံးတို့ ရစ်စရာတစ်ကွက်တွေ့ပြန်ပေါ့လေ။"မောင်ကမင့်ကိုဘာလို့မချစ်ရမှာလဲ အကြောင်းပြချက်ကိုပြောကြည့်ပါဦး"
အကြောင်းပြချက်ကိုသိနှင့်ပြီးဖြစ်သော်လည်း ကိုရွှေရစ်လုံးလို့မည်သို့မည်ပုံရစ်ခန်းထုတ်မည်ကို အစအဆုံးသိချင်လှသောကြောင့် ပြုံးကာမေးမိသည်။
YOU ARE READING
မောင်...နော်
Fanfictionမောင်သေချာစဉ်းစားနော်... မင်စိတ်ဆိုးမှချော့တာထက် မင်စိတ်မဆိုးခင်အလိုလိုက် ပေးလိုက်ရင် မင့်အတွက်ရော မောင့်အတွက်ရော ပိုပြီးအဆင်မပြေပေဘူးလား...