Ep 17

555 58 3
                                    

Jin နဲ့ Jimin လည်း Seoul ကနေ Gwancheon ကို လာလည်ခဲ့ကြပြီး

အခုတော့ ရောက်တုန်းရောက်ခိုက်
မြို့ထဲတလျှောက် လိုက်လည်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်

Jin: Jimin ah
ငါ့ကို ဒါလေး ဓာတ်ပုံ ရိုက်ပေး

Jimin: ဟာ...မင်းကလည်း ဓာတ်ပုံ ပဲ
ရိုက်ခိုင်းနေတာပဲ

Jin: ရိုက်ရမှာပေါ့ ငါ့လို
World Wide Visual Face ကို

ဓာတ်ပုံ မရိုက်ဘဲ နေရမလား

Jimin: ဟွန့် မပြောတော့ဘူး
ပြောရင် မဟုတ်ကဟုတ်ကတွေ ပါလာတော့မယ်

Jin နဲ့ Jimin လည်း ပြောပြောဆိုဆိုနဲ့

လျှောက်လာရင်း လမ်းမှာ နတ်ဘုရားကို
ပူဇော်နေတဲ့ ပွဲလေးကို လှမ်းတွေ့လိုက်တယ်

Jin: ဟိုမှာ ကျန် တွေ့လား Jimin ah
အဲ့နတ်ဘုရားကို သွားဆုတောင်းကြည့်ရအောင်

Jimin: ဟာ မင်းကလည်း ကိုယ်လည်း မသိပဲနဲ့

Jin: မင်းက ဘုရားနဲ့ သိမလား

Jimin: အမလေး ကန်တော့ကန်တော့
ငါက ဘုရားနဲ့ သိရမလား

ငရဲတွေတော့ ကြီးကုန်တော့မှာပဲ

Jin: အဲ့လိုမဟုတ်ပါဘူး

လာစမ်းပါ အပျော်တမ်း သွားဆုတောင်း
ကြည့်ရအောင်

Jin နဲ့ Jimin လည်း အဲ့ကိုရောက်တော့
လူကြီးတယောက် က

"သားတို့နှစ်ယောက် နတ်ဘုရားမှာ
လာဆုတောင်းကြည့်

တောင်းတဲ့ဆုတွေ ပြည့်တယ်

ပိုပြီး ကြီးတာ ဘဝကို ပြောင်းလဲစေမယ့်ဟာ
ဆုတောင်း ချင်ရင်တော့

နတ်ဘုရား အနားအထိ သွားပြီး ဆုတောင်း

ဒါပေမဲ့ သွားဆုတောင်းတဲ့သူက
လူပျိုစင်စစ် ဖြစ်ရမယ်နော် ''

(ဒီနေရာမှာ ပြောချင်တာက

ဒီ အခန်းက ဘယ်ဘုရား ဘယ်ကိုးကွယ်မှု
ကိုမှ စော်ကားလိုချင်း အလှဥ်းမရှိပါ

ဒါကလည်း ကျမရဲ့ စိတ်ကူးယဉ် သက်သက်သာ ဖြစ်ပြီး fic အတွက် လိုချင်လို့
ထည့်ရသည့် အခန်းသက်သက်သာဖြစ်ပါတယ်

You're My Only OneWhere stories live. Discover now