Ep 18

553 50 1
                                    

Jin တို့လည်း ခရီးက ပြန်လာကြပြီ

ဒါပေမဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့
မလှ မီးအတိလောင်ထားသော အိမ်ဖြစ်သည်

Jin: ဟမ်.....အဲ့တာက ဘယ်လိုဖြစ်တာလဲ
အမေ ကျနော့်ကို ပြောပါဦး

Jin's mom: သွားပြီ သားရေ
အမေတို့ ဘဝတော့ သွားပီ

ရှိသမျှအကုန် မီးထဲ ပါသွားပီ
အမေတို့ မနေ့က အမေ့သူငယ်ချင်းတွေ လာတာနဲ့ လိုက်သွားတာ

အဒေါ်ကြီး စျေးသွားနေတာကို မေ့ပြီး
အမေက ဟင်းအိုးကို ပစ်ထားခဲ့မိတာ

ဟင်းအိုးက လောင်တဲ့မီးနဲ့ အင်ဗာတာနဲ့ မီးကူးပြီး တအိမ်လုံး လောင်သွားတယ်
ဆိုပါတော့ သားရယ်

အမေတို့ အကုန် ဘာမှ မရှိတော့ဘူး သား
ဟိုဘက်တခြားအိမ်ကိုပါ မီးကူးသွားတော့

သားအဖေလည်း အခု ရဲစခန်း ရောက်နေတယ် သား

Jin: ဟာ...ဒုက္ခပါပဲ အမေရယ်
ကျနော် တို့ ဘယ်လိုလုပ်ကြမလဲ

Jimin ah ငါတို့ ဘာဆက်လုပ်ကြမလဲ
ငါတို့ ဘာမှ မရှိတော့ဘူး

Jimin: Jin ah စိတ်အေးအေးထားပါ
ငါတို့ တခုခု လုပ်နိုင်မှာပါ

Jin: ဘယ်လိုလုပ်လုပ်နိုင်တော့မှာလဲ
သွားပြီ အားလုံး ပါသွားပီ

ငါတို့ အိမ်မှာ ပိုင်ဆိုင်မှု တခုမှ မရှိတော့ဘူး

ငိုနေတဲ့ Jin ကို နှစ်သိမ့်ရုံအပြင် တခြားနည်းလမ်းမရှိချေ

ငယ်ငယ်တည်းက ပြည့်ပြည့်စုံစုံနေလာခဲ့တဲ့
Jin ရဲ့ ဘဝက နေ့ချင်းညချင်း ဆိုသလို

ဘာမှ မရှိတော့တဲ့ ဘဝနဲ့
သူ ဘယ်လိုလုပ် နေသားကြတော့မှာလဲ

***

Yoongi: ဒါဆို Jin တို့က ဘာ အာမခံမှ မရဘူးပေါ့

Jimin: ဟုတ်တယ် Hyung

jin တို့အိမ်က မီးအာမခံ မယူထားတာရောနဲ့

တအိမ်လုံး ပေါင်းလို့ ဘာအာမခံမှတောင် မရခဲ့ဘူး

Yoongi: Seok Jin တို့ သနားပါတယ် နော်

အခုရော သူ Jimin အိမ်မှာ နေနေတာ
အဆင်ကောပြေရဲ့လား

Jimin: အဆင်ပြေတယ်လို့တော့လည်း
ဘယ်ဟုတ်မလဲ Hyung ရယ်

You're My Only OneWhere stories live. Discover now