Ep 10

666 57 1
                                    

Jin: အရာအားလုံးအတွက်ကျေးဇူးပါ Daddy.......

Namjoon: Jin ah
ကိုယ် လိုက်မပို့လို့ ဖြစ်တယ်မလား

Jin: Omm Daddy
ကျနော် သွားတော့မယ် bye bye

Namjoon လည်း Jin ထွက်သွားတော့မှ

တညလုံး ထိန်းထားတာတွေ ဖွင့်ထုတ်ချလိုက်သလို ရင်ထဲမှာရှိတဲ့ ဒဏ်ရာတွေ ကို မျက်ရည်တွေ အဖြစ် အရည်ဖျော်ချလိုက်တယ်

"မီယားနဲ Jin ah

နောက်ဆုံးအချိန်အထိ
ဆွဲမထားခဲ့ပေးနိုင်လို့

တောင်းပန်ပါတယ် ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့''

Jin လည်း လမ်းလျှောက်လာရင်း

တဖြည်းဖြည်း ကျလာတဲ့ မျက်ရည်တွေကို

ကောက်သုတ်ရင်း လမ်းအတိုင်း လျှောက်လာခဲ့တယ်

In the restaurant,

Jk: Jin ah
လာ....ငါ ဒီမှာ

Jin: Inn

Jk: လာပါ.... ထိုင်
ညက တော်တော် မှ အလွမ်းသယ်နိုင်ခဲ့ရဲ့လား
ကြည့်ရတာတော့ ညက တော်တော် ပျော်လာခဲ့တယ် ထင်တယ်

Jin: ဒီမှာ Jung kook ငါမင်းကို ဒီနေ့
လာတာ ရန်ဖြစ်ဖို့ လာတာမဟုတ်ဘူး

ပြောစရာရှိလို့ ရောက်လာခဲ့တာ

Jk: ဟုတ်ပါပီ....ပြောပါ

Jin: ငါ....လက်ထပ်တော့မယ်

Jk: ဟ...

( Jung kook ကတော့

အခုချိန်ထိ Jin က ပြသနာကို ဖြေရှင်းဖို့

သူ့ကို မဖြစ်မနေ လက်ထပ်လိမ့်မယ်လို့ ထင်နေတယ်

ဒါပေမဲ့ ထင်မှတ်မထားတဲ့ Jin ပြောလိုက်မယ့် စကားက...... )

Jin: ငါ....Jimin နဲ့ လက်ထပ်တော့မယ်

Jk: ဘာ.......

ဘယ်...ဘယ်လို....

Jk လည်း အတွေးထဲမှာ ကြောင်အမ်းအမ်း ဖြစ်နေသလို

Jin ကိုယ်တိုင် တောင် သူပြောလိုက်မိတဲ့စကား သူ့ဘာသာသူတောင် ကြောင်နေမိတယ်

ဒါပေမဲ့ ပြောပြီးတဲ့စကားကို ပြန်ပြင်လို့မှ မရတော့တာပဲ

Jin: ငါ Jimin နဲ့ လက်ထပ်တော့မယ်

မင်းတို့ နှစ်ယောက် က လက်လွှတ်ပြီး
ငါသူနဲ့ လက်ထပ်မယ်

You're My Only OneWhere stories live. Discover now