Ep 2

952 94 5
                                    

အဲ့အချိန် Seok Jin စကားတခွန်းပြောလိုက်သည်

" ချစ်တယ်... ''

"ဘာ''

Jk ထအော်လိုက်ခြင်းကြောင့် Jin တို့
အခုမှ သတိပြန်လည်လာ

Jin: ဘာလဲ လန့်လိုက်တာ မင်းက ဘာလို့
ထအော်တာလဲ ဟူးးးး

Jk: မင်း အရူးထပြီး ဘာတွေပြောနေတာလဲ
ချစ်တယ် ဆိုလား ဘာလား

Jin: ဘာ ဘာမှ မဟုတ်ပါဘူး

ချစ်တယ် လို့ ပြောတာမဟုတ်ဘူး

ချဥ်တယ်လို့ပြောတာ

ဒီမှာ ဒီမှာ

ငါသောက်နေတဲ့ကောက်တေး က ချဥ်​ေနတယ်လို့ပြောတာ

ဒီဆိုင်က ကောင်တွေ သေချာမစပ်ပေးဘူး

Jk :Aww inn ပြီးတာပဲ

ဒါဆို ပြန်ကြတော့မလား

Jin:အင်း

Jin တယောက် အရှောင်ကောင်းလို့ အထောင်းသက်သာသွားတယ်

မဟုတ်ရင် Jin ရော Namjoon အတွက် ပါ
မလွယ်တဲ့ကိန်းဆိုက်မှာ

Jk က လုပ်ရင် ရှေ့ကြည့်နောက်ကြည့်တာ မဟုတ်ဘူး

ဆိုင်မှာတင် ပွဲကြီး တပွဲ ဖြစ်သွားလိမ့်မယ်

ဒီနေ့ ညတော့ Jin တို့ ပြန်လာရပီ
Jin တညလုံး လည်း ဟိုလူကြီး အကြောင်း ပဲ တွေးနေမိတယ်

" ငါဘာလို့ ယောကျ်ား ကြီး တယောက် ကို
အဲ့လောက်ထိ စိတ်ဝင်စားနေတာပါလဲ ''

" ဟူးးးးး ပင်ပန်းလိုက်တာ ''

သက်ပြင်းချရင်း jin တို့ အိပ်ချလိုက်တော့သည်

In the Morning.......

Jimin လည်း စောင့်နေကျ ခုံတန်းလေးကနေ jk တို့ကို စောင့်နေလေသည်

တဖြည်းဖြည်းနဲ့ လျှောက်လာသော Jk
ဒါပေမဲ့ ဘေးမှာ Jin ကို မတွေ့

" Hey Kookie ''

Jimin လက်လေးလှမ်းပြ​ ပြီး အော်ပြော လိုက်တယ်

"အင်း jimin nah ငါလာပြီ''

Jimin: Jinnie တယောက် ကော
ဘယ်မှာလဲ

Jk: Aww Jin က ညက များသွားလို့
ထင်် မနက်က ဖုန်းဆက်တယ်
မလာနိုင်တော့ဘူး တဲ့
ခွင့်တိုင်ပေးပါတဲ့

You're My Only OneWhere stories live. Discover now