မင်းသာ...
ကိုယ့်ဘ၀ရဲ့အလိုအပ်ဆုံး🎅🎅🎅🎅🎅🎅🎅
အပိုင်း၁၃၉.၁၂.၂၀၁၈
မိုးချယ်ရီ.. သစ်ခွခြံအတွင်းချောင်ကြသော
နေရာ၌မိုးကျော်တို့်သူ့ငယ်ချင်းနှစ်ယောက်
တေဇအောင်.ကိုစောင့်နေကြသည်။လောဘဇောကပ်နေသော လူမိုက်နှစ်ဦး
သူတို့ထံရောက်လာမည့်..ကံကြမ္မာဆိုးကိုမမြင်
အချောင်ရသောငွေကို..အာသာငမ်းငမ်း
တပ်မက်နေကြသည်။ထိုသူတို့၏အနာဂတ်
မတွေးဝံစရာ..😔😔ချိန်းဆို ထားသောအချိန်၉နာရီသို့ရောက်ရှိ
လာသော်လည်း..တေဇအောင်တယောက်
မရောက်လာသေးသဖြင့်မိုးကျော်စိတ်မရှည်
ဖြစ်လာကာ..မျက်နှာမှာသုန်မှုန်နေတော့သည်။
ထို့အတူ.."တောက်..ဒီကောင်ဘာလဲ..ငါ့ကို
စိတ်တိုအောင်လာလုပ်နေတယ်။..
စောင့်ရတဲ့အလုပ်..ငါမကြိုက်တာကို
..လူလည်ကျပြီးမလာရင်..ငါ့အကြောင်း
သိရသေးတာပေါ့။..တောက်..
စောက်ရေးမပါတာ.."မိုးကျော်နှင့်အတူပါလာသောအဖော်က
"မိုးကြီး..မင်းကိုဆေးထိုးလိုက်ပြီထင်တယ်
ငါတော့မထင်ဘူး..လာမယ်လို့""မလာရင်..ငါ့လက်ထဲသူ့ဇနီးလောင်းပုံရှိတယ်
Fbထဲဖြန့်လိုက်မှာ..ဒီကောင်..ငါ့ကို
သွေးစမ်းနေတာ...တွေ့ကြသေးတာပေါ့:"မိုးကျော်ပြောရင်း စိတ်တိုလာကာ..သူ့လက်ထဲရှိ
ဒေစီစိုးပုံများကို အင်တာနက်ပေါ်တင်ရန်လုပ်နေစဉ်
သူ့မျက်နှာကို..စူးရှသောအလင်းက ထိုးစိုက်လာ
သည်။ဝူး...ကျီ..ကျီ..
အသံနှင့်အတူ..သူ့ဘေးထိုးရပ်လာသော
ကားတစီး..။ထိုကားပေါ်တွင်..တေဇအောင်
မိုးကျော်တို့တေဇအောင်၏မျက်နှာကို
မမြင်သေး။ကားတံခါးဖွင့်သံနှင့်အတူ..မြေပြင်ပေါ်ကျလာသော
ခြေအစုံ..ထိုနောက်..အသားဖြူဖြူနှင့်သန့်ပြန့်သပ်ရပ်ကာ
ယုံကြည်မှုအပြည့်နဲ့မျက်ဝန်းစုံ..
ထိုမျက်ဝန်းပိုင်ရှင်ကားပေါ်မှဆင်းလာသညိ။
YOU ARE READING
The Most i Need U In My Life(completed)
Romanceအမြွှာညီအစ်မ နှစ်ယောက်ရဲ့ လူစားထိုးမှုက တေဇအောင်ကို ဒွိဟဖြစ်စေခဲ့တယ် ပြီးတော့ ချစ်မိစေခဲ့တယ်