မင်းသာ..
ကိုယ့်ဘ၀ရဲ့အလိုအပ်ဆုံး💛💛💛💛💛💛💛
အခန်း ၅တံခါးပေါက် ကိုမှီကာ
ရပ်ကြည့်နေသော တေဇအောင်ကို
ပန်ဆုငယ်မမြင်သေး။
ထိုစဉ်"မမလေး မေမေကြီးကလာပါဦးတဲ့"
ဟုအော်ခေါ်လိုက်သောနိုငိနိုင့်အသံကြောင့်
သူမလှည့်လိုက်သည်။
အယ်..တေဇအောင်..
သူဘာကြည့်နေတာလဲ
အာ့ကြောင့်ငါ့ကိုတယောက်ယောက်ကြည့်နေသလို
ခံစားနေရတာကိုး။ဘယ်ချိန်တည်းကရောက်နေတာလဲ
မသိဘူး။အံ့သြသွားသောပန်ဆုငယ်
မျက်နှာကိုပြင်ဆင်ကာ"ကိုတေဇ ရောက်နေတာကြာပြီလား"
"မကြာသေးဘူး ဒေစီ"
ဟုအသံတိုပြတ်ပြတ်ဖြင့်ပြန်လည်ဖြေကြား
ပြီးတဇအောင်ဘာမှဆက်မပြောဘဲ
သူမကိုသာကြညိ့နေမိသည်၊
ဘာကြောင်ဲသူမကအရင်လိုမဟုတ်
တော့တာလဲ။သူမကိုသာစိုက်ကြည့်နေသော
တေဇအောင် ရဲ့စူးရှရှအကြည့်တွေအောက်
ပန်ဆုငယ် မနေတတ်တော့။
ထို့်ကြောင့်သူမသူ့အနားမှထွက်ခွာလာရာ
ကြမ်းပြင်ပေါ်တွင်ချထားသောဆီပုံးကို
မမြင်။ခလုတ်တိုက်မိလေသည်"ဒုန်း..."
"အာ...."
"ဟာ..ဒေစီ"
တိုက်မိသံနှင့်အတူနာကျင်သွားသောခြေမ
..လေဟာနယ်ထဲကျသွားသောမိမိ၏ခန္ဓာကိုယ်
ထွေးပွေ့လိုက်သော..နွေးထွေးတဲ့
ရင်ခွင်တစုံ..ထိကပ်သွါးတဲ့နှုတ်ခမ်းနှစ်စုံ
လှုပ်ရှားသွားတဲ့နှလုံးသားလေးနှစ်ခု
တေဇအောင်
သူမခလုတ်တိုက်မိကာလဲကျလာတာမြင်တော့
စိုးရိမ်စိတ်များဖြစ်ကာသူ သူမကိုဖမ်းလိုက်လေသည်
သူမကိုဖမ်းတဲ့အရိုန်ကြောင့်နှစ်ယောက်လုံးလဲကျ
သွားကာ သူကအောက်မှာပိမိကာ
သူမကတော့သူ့ရဲ့အပေါ်ရောက်နေ
လေသည်။ပြီးတော့
သူ၏နှုတ်ခမ်းနှင့်သူမနှုတ်ခမ်းထိသွားသည်
အဲ့အချိန်မှာဘာမှန်းမသိတဲ့နှလုံးသားလေးဟာ
ဝုန်းဒိုင်းကြဲ လေတော့သည်။သူမနှုတ်ခမ်းလေးတွေဟာ
အရမ်းချိုနေတာတော့သူသိသည်ပန်ဆုငယ်
သူ့နှုတ်ခမ်းများနဲ့ထိမိတော့
ရင်ခုန်ပြီး ဘာလုပ်
ရမှန်းမသိဖြစိကာ သူ့မျက်နှာကိုကြည့်မိလေသည်"ဒေစီ ထပေးပါအုံး: "
"ဟင်..အင်း..အင်း"
သူသတိပေးမှသူမသတိဝင်လာကာ
သူ့အပေါ်မှဖယ်မိလေသည်။
ဖယ်လိုက်မိသောသူ့နှုတ်ခမ်းကိုကြည့်မိတော့
သူ့နှုတ်ခမ်းက မိန်းကလေးကျနေတာဘဲ
နီထွေးနေပါလား..ပြီးတော့သူကအရမ်း
တည်ကြည်ချောမေလှပါလား။သူ့ကိုငေးကြောင်ကြည့်နေသော
သူမကိုဖယ်ခိုင်းကာ တေဇအောင်ထလိုက်လေ
သည်။ပြီးနောက် သူမကိုဝေ့ခနဲကြည့်ကာ"ကိုယ် အရင်သွားနှင့်မယ်.
နောက်ကလိုကိခဲ့.."::"အင်း ဟုတ်ကဲ့ပါ "
သူကိုရင်မဆိုင်ရဲသော
ပန်ဆုငယ် အလိုက်တသိထွက်သွားသောသူ့ကို
ကျေးဇူးတင်မိသည်။####>>>>>>>>>>#####
ဧည့်ခန်းထဲတွင်ဒေစီစိုးရဲ့မေမေနှင့်မေမေကြီး၊
တေဇအောင် နှင့်သူမ မမြင်ဖူးသော
တေဇအောင်၏မိဘနှစ်ပါးကို
တွေ့လိုက်ရလေသည်။"သမီး..ထိုင် ဒါကမောင်တေဇရဲ့မိဘတွေကွဲ့
ဦးတိုင်းကျော်နဲ့ဒေါ်မြတ်သိုသမီးသိမှာပါ. မှတ်မိသေးလား""ဟုတ်ကဲ့..နေကောင်းတယ်နော်အန်တီ
သမီးမမှတ်မိလို့ကန်တော့နော်..သိတော့သိပါတယ်""အေးကွဲ့..သမီးငယ်သေးတော့မမှတ်မိတာ
အန်တီနားလည်ပါတယ်..သမီး ကငယ်သေးတာကိုး
အခူတော့အရမ်းလှလာတယ်.""ဟုတ်ကဲ့..ကျေးဇူးပါအန်တီ.အခုတော့ထမင်းသူံး
ဆောင်လိုက်ပါဦး""သြော်..အေးကွဲ့..မမသက်ရေ
ထမင်းပွဲနဲ့ကြိုလို့ကျေးဇူးပါ..ဒီထက်မက
ကျွေးနိုင်ပါစေ""ကျေးဇူးတင်ဖို့မလိုပါဘူး.မြင့်ရယ်
လူရင်းတွေကိုး အခုတော့
သွား စားရအောင်..သမီး ခေါ်လိုက်ပါအုံး""အန်တီ ထမင်းစားခန်းကိုကြွပါ:"
#####>>>>>>စာရေးသူ+တိုသွားရင်တောင်းပန်ပါတယ်
စာဖတ်သူများသည်းခံပေးပါလို.

YOU ARE READING
The Most i Need U In My Life(completed)
عاطفيةအမြွှာညီအစ်မ နှစ်ယောက်ရဲ့ လူစားထိုးမှုက တေဇအောင်ကို ဒွိဟဖြစ်စေခဲ့တယ် ပြီးတော့ ချစ်မိစေခဲ့တယ်