မင်းသာ..ကိုယ့်ဘ၀ရဲ့အလိုအပ်ဆုံး
အပိုင်း၁၄
🌇🌇🌇🌇🌇🌇🌇🌇
တောက်ပတဲ့ပုစွန်ဆီရောင်ကာလာလေးနဲ့
နေမင်းကြီးဟာ..အရှေ့အရပ်မှတဖြည်းဖြည်း
ထွက်လာခဲ့သည်။သို့အတူ..နေ့သစ်တနေ့လည်း
ပြန်လည်စတင်ကာ..အရာအားလုံးနေသားကျနေတဲ့
လုပ်ဆောင်ချက်များကိုပြန်လည်စတင်ကြသည်။
ထို့အတု..တေဇအောင်နှင့်ပန်ဆုငယ်
လည်းနေ့သစ်အတွက်စတင်နိုးထလာခဲ့သည်။
ပူလာသောအငွေ့အသက်ကြောင့်
တေဇအောင်..မျက်မှောင်ကြုတ် မိ
သည်။💢ဘာလဲဟာ..ဘာလို့အဲ့လောက်ပူနေတာလဲ💢
စိတ်ပျက်စွာမျက်လုံးဖွင့်လိုက်တော့..သြော်
မိုးတောင်လင်းပြီကိုး..အာ့ကြောင့်
ပူလာတာ.....တေဇအောင်အိပ်ရာထဲမှလူးလဲထကာ..
airconဖွင့်လိုက်သည်၊ပြီးနောက်
အိပ်ရာထဲပြန်သွားကာ..ညကအဖြစ်အပျက်ကို
တွေးနေမိသည်။
.
ပန်ဆုငယ် ကိုပွေ့ချီလိုက်ချိန်
သူတိုနှစ်ဦးရင်ဘတ်ချင်းနီးသွားကာ
အကြည့်ချင်းဆုံမိသည်
သူမနှင့်နီးနီးကပ်ကပ်ဖြစ်စဉ်
သူ့ရဲ့နှလုံးသားလေးဟာ..အကြမ်းပတမ်း
ထခုန်လာတော့သည်။
သူမဘက်တော့သူမသိ..သူကိုယ်တိုင်တော
့သူ့ရင်ခုန်သံကိုပြန်ကြားနေရသည်။
ထို့ကြောင့်သူမကိုကြည့်လိုက်ရာ
သူမကလည်းကြည်နေသည်နှင့်ဆုံ
သွားသည်။သူမနှင့်အကြည့်ချင်းဆုံစဉ် မိမိမျက်လုံးများက
သူမနှုတ်ခမ်း၌ရပ်တန့်သွားသည်
ပန်းရဲ့နှုတ်ခမ်းဖူးဖူးလေးများက
ဘာကြောင့်မှန်းမသိ..တဆက်ဆက်တုန်ယင်နေ
သည်။တေဇအောင်..ပန်းရဲ့နှုတ်ခမ်းလေးအား
နမ်းချင်စိတ်များဖြစ်ပေါ်လာရသည်
ထို့ကြောင့် သူ့ဘက်မှအကြည့်လွဲကာ
အခန်းထဲသို့မြန်မြန်သွား၍
သူမကိုအိပ်ရာပေါ်သို့ချပေးလိုက်ခြင်း။တေဇအောင် သူ့ကိုယ်သူ သိသည်
ကြာလျှင်သူ့စိတ်ကိုမထိန်းနိုင်ဖြစ်တော့မည်ကို
ဘာမှမသိတဲ့သူမကိုသူ
နောက်တခါဒဏ်ရာမပေးချင်တော့
ထိုကြောင့်..စိတ်ကိုထိန်းချုပ်ကာ..
အိပ်စက်လိုက်ခြင်းဖြစ်သည်။

YOU ARE READING
The Most i Need U In My Life(completed)
Romanceအမြွှာညီအစ်မ နှစ်ယောက်ရဲ့ လူစားထိုးမှုက တေဇအောင်ကို ဒွိဟဖြစ်စေခဲ့တယ် ပြီးတော့ ချစ်မိစေခဲ့တယ်