မင်းသာ..ကိုယ့်ဘ၀ရဲ့အလိုအပ်ဆုံးအပိုင်း၁၆
ပန်ဆုငယ်..
မိုးစင်စင်လင်းမှနိုးလာခဲ့သည်.."ဟင်.."
တင်းကျပ်စွာဖက်ထားသော..
လက်မောင်းတစုံနှင့်နွေးထွေးမွှေးပျံ့နေတဲ့ရင်ခွင်ကျယ်
သူမ ခိုဝင်မိတာ..တေဇအောင်ရဲ့ရင်ခွင်
ပန်ဆုငယ်သူမနဲ့အနီးကပ်ရှိနေတဲ့
တေဇအောင်ရဲ့မျက်နှာသန့်သန့်လေးကို
ငေးကြည့်နေမိသည်..ဒီရင်ခွင်ဟာ..ပိုင်ရှင်ရှိပြီးသားရင်ခွင်...
ငါနဲ့မသက်ဆိုင်တဲ့ရင်ခွင်..ဒါပေမဲ့ငါ
ပိုင်ဆိုင်ချင်မိတယ်...မဖြစ်နိုင်တဲ့ငါ့ဘ၀..
ဆုတောင်းပါတယ.်....
် နောင်ဘ၀မှာရင်ဘတ်အငှါးမလိုက်ရပါစေနဲ့လို့
ပန်ဆုငယ်စိတ်ထဲမှပြောနေရင်း..
သူမ၏မျက်ဝန်းထောင့်မှ..မျက်ရည်များကျလာ
တော့သည်...
📝📝📝📝📝📝📝📝📝📝
"ပန်း..""ဟင်"
တေဇအောင်....
လက်ကိုဆွဲပြီးခေါ်သွားတာက..နှင်းဆီခင်းနားသို့..
နှင်းဆီအဖြူရောင်ပင်များရှေ့ရောက်တော့
တေဇအောင်. ပန်ဆုငယ်လက်ကိုလွှတ်ပြီး..
ငွားငွားစွံစွံပွင့်နေတဲ့နှင်းဆီပန်းကြားထဲမှ
ပွင့်ကာစ..နှင်းဆီဖြူလေးကိုခူးကာ
ပန်ဆုငယ်ခေါင်းတွင်ပန်ပေးလိုက်သည်..တေဇအောင်..ယဲ့ယဲ့လေးပြုံးပြီး..
"ပန်းလေးက...နှင်းဆီဖြူနဲ့လိုက်တယ်
အရင်ကလှတာလေးကို...ပန်း နဲ့ပေါင်း
လိုက်တော့..နန်းဆန်သွားတယ်...ပန်းလေးရဲ့.."ဆိုကာ..သူမဆံပင်များကိုဆွဲယူကာ..
ခဏဆော့ပြီး..အမှတ်မထင်..နမ်းရှိုက်လိုက်လေသည်
ပြီးနောက်..သူမကိုဆွဲဖက်လိုက်ကာ
မေးဖျားကိုကိုင်မော့စေပြီး...
ပန်းနုရောင်နှုတ်ခမ်းလေးကို..
အငမ်းမရစုပ်နမ်းကာ..အနမ်းမိုးများရွာသွန်းလိုက်ပြီး..
အဆုံးသတ် အနေဖြင့်နှုတ်ခမ်းလေးကိုကိုက်လိုက်
လေရာ...ပန်ဆုငယ်၏နှုတ်ခမ်းမှသွေးအနည်းငယ်
ထွက်လာသည်။

YOU ARE READING
The Most i Need U In My Life(completed)
Romanceအမြွှာညီအစ်မ နှစ်ယောက်ရဲ့ လူစားထိုးမှုက တေဇအောင်ကို ဒွိဟဖြစ်စေခဲ့တယ် ပြီးတော့ ချစ်မိစေခဲ့တယ်