Chapter(13)-ကျမအမှန်တကယ်ပြောင်းလဲသွားပါပြီ

5.9K 651 2
                                    

Unicode

" ဝေဝေ၊ ဘယ်လို အဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ၊ အရှင်မင်းကြီးက နဂါးတစ်ကောင်လို ကျန်းမာပြီး သန်မာနေတယ်လေ"
ဧကရာဇ်က ဝေဝေပြောလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောခင်မှာပဲ လုထင်ချန်က အလျင်အမြန် ပြောလိုက်တယ်။

" အစ်ကိုကြီး" လုလျန့်ဝေက သူပြောနေတာကို ဖြတ်ပြောလိုက်လေသည်။
" ညီမလေးက အဓိပ္ပါယ်မရှိတာတွေပြောနေတာမဟုတ်ပါဘူး၊ ကျမက အမှန်တရားကိုသာပြောတာပါ၊ အရှင်မင်းကြီး သတိလစ်သွားတဲ့အချိန်မှာ ကျမက အရှင့်ရဲ့ သွေးခုန်နှုန်းကို တိုင်းခဲ့ပြီး ရောဂါအခြေအနေပြင်းထန်မှန်းသိခဲ့ရပါတယ်၊ အချိန်မှီကုသမှုမခံနိုင်ရင် ပိုဆိုးရွားသွားပါလိမ့်မယ်"

ဒီစကားလုံးတွေထွက်လာတာနဲ့ လုထင်ချန်ရဲ့ မျက်နှာအမူအရာဟာလည်း အမျိုးမျိုး ပြောင်းလဲသွားရပါတော့သည်။ ဒီကလေးမကိုတော့ တကယ်ပဲ လည်ပင်းညှစ်သတ်ချင်လာပြီ။
ဒီမိုက်မဲတဲ့ကလေးမ နောက်ထပ်အသက်မရှင်ချင်တော့ဘူးလား၊ ဒါမှမဟုတ် ဧကရာဇ်က သူမကို သံသယမဝင်ဘူးများထင်နေတာလား။

" အရှင်မင်းကြီး ကျန်တော်မျိုးညီမရဲ့ ကို့ရိုကားရားစကားတွေကို နားထောင်တော်မမူပါနဲ့၊သူမမှာ ဆေးပညာအရည်အချင်းမရှိပါဘူး၊ သူမပြောတာဟာ အမှန်လို့ မယူဆလိုက်ပါနဲ့"
လုထင်ချန်ကတော့ လုံယန်ဘက်ကိုလှည့်ကာ ဧကရာဇ်ရဲ့ ဝေဝေပေါ်ထားတဲ့ သံသယကို ဖျောက်ဖျက်ဖို့ ကြံမိကြံရာစကားတွေသာပြောနိုင်ပါတော့တယ်။

ဒါပေမယ့် လုံယန်က လွယ်လွယ်အရူးလုပ်နိုင်မယ့် သူမျိုးလား။

သူ့ရဲ့ ခန့်ညားတဲ့ မျက်နှာပေါ်မှာ အပြုံးဖျော့ဖျော့လေးပေါ်လာသည်။ သို့သော်ညား စူးရှတဲ့ မျက်လုံးတွေထဲမှာတော့ သတ်ဖြတ်လိုတဲ့ ဆန္ဒတွေရှိနေဆဲပင်။

" မျှော်လင့်ထားသလိုပဲ၊ ဒုတိယသခင်မလေးလုက ဆက်ခံသူအပေါ် လေးနက်တဲ့ အချစ်ရှိနေတာပဲ"

သူ့ရဲ့စကားတွေက လုလျန့်ဝေတစ်ယောက် အိမ်ရှေ့စံအတွက်နဲ့ သေလမ်းကိုသာ ရွေးချယ်မယ်ဆိုတာကို စောင်းပါးရိပ်ခြည်ညွှန်းဆိုနေတယ်။
လုထင်ချန်ရဲ့ ခန့်ညားတဲ့ မျက်နှာက ရေနွေးဖြောလိုက်သလို ဖြူဖျေားသွားလို့သွားသည်။ သူက တစ်ခုခုကို ပြောဖို့ လုပ်လိုက်ပေမယ့် လုလျန့်ဝေရဲ့ စကားတွေနဲ့ ရပ်တန့်ခံလိုက်ရတယ်။
" အစ်ကိုကြီး ညီမအတွက်နဲ့ အသနားခံစရာမလိုပါဘူး၊ ကျမ ဧကရာဇ်ရဲ့ ဖျားနာမှုကို မသိခဲ့ရင်တောင် အရှင်က ဒီနေ့ ကျမကို အလွတ်ပေးမှာ မဟုတ်ပါဘူး၊ နောက် ကျမ ပြောခဲ့တာ အမှန်တရားတွေပါ"

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now