^^^Hi, everyone!ပြောစရာလေးရှိလို့ပါ။ ဒီnovel လေးရဲ့ english translation မှာ completed ဖြစ်သွားတဲ့ website တစ်ခုတွေ့ပါတယ်။ ဒါဒါအရင်က ပြန်နေတဲ့ website က တခြားwebsite ပါ။ သူကတော့ အပိုင်း ၆၀၀ ကျော်ထိပြီးနေပြီ။ တကယ်က အပိုင်းပေါင်း ၁၈၀၀ ကျော်ပါတယ်။🥺 completed ဖြစ်သွားတဲ့ website ကကျတော့ ပြောရရင် english အရေးအသားကော၊ grammar ကော သိပ်မကောင်းဘူးပေါ့နော်။ ကိုယ်အခု ပြန်နေတဲ့ english tran ဿျတော့ အရေးအသားကော၊ grammar ကော ဖတ်ရအဆင်ပြေတယ်ပေါ့နော်။ အဲ့ဒီတော့ပြောချင်တာက ဒီ novel လေးရဲ့ english translationက completed ဖြစ်သွားတာလေးတွေ့ပါတယ်လို့။ HE လေးဖြစ်ဖို့များပါတယ်။😶 ဖြေးဖြေးချင်းလေးပြန်သွားပေးမယ်နော်။ ညကျရင် တစ်ပိုင်းထပ် update ပေးပါမယ်ရှင်။ ဘာမှမဟုတ်ဘူး။ အာ့လေးလာပြောတာ။^^^
Unicode
လုံယန်ကတော့ လုလျန့်ဝေကိုသေချာ ကြည့်ကာ အကဲဖြတ်သလိုပြောလိုက်တယ်
"ဟုတ်တာပေါ့၊ အမျိုးသမီးတွေထဲမှာ ဒုတိယသခင်မလေးလုက အရပ်ပုတဲ့အထဲ အသေအချာကို မပါဘူးပေါ့ "
တစ်မိနစ်လောက်ကြာပြီးတဲ့အချိန်မှာတော့ သူက ခေါင်းစဥ်ကို ရုတ်တရက်ပြောင်းကာ ပြောလိုက်သည်
"ငါကိုယ်တော်ရဲ့ မွေးနေ့ပွဲကို လာမယ့်ရက်အနည်းငယ်အတွင်းမှာပဲကျင်းပမယ်၊ အကယ်၍ ဒုတိယသခင်မလေးလုသာစိတ်ဝင်စားရင် နန်းတော်ထဲကိုလာရောက်ကြည့်ရှုနိုင်တယ်"အလျဥ်းသင့်သလိုပြောပြီးနောက်မှာတော့ လုယန်နဲ့အတူ ကျောက်ချမ်၊ ချူရှီတို့ ထွက်ခွာသွားကြပြီ။
လု မောင်နှမနှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ငေးစိုက်လို့သာကြည့်နေကြတော့တယ်။
သူ့ရဲ့ပုံမှန်အခြေအနေကိုပြန်ရောက်ဖို့ လုထင်ချန်အနေနဲ့ တခဏလောက် အချိန်ယူလိုက်ရတယ်။ အဲ့ဒီနောက်မှာတော့ လုလျန့်ဝေရဲ့ ခပ်အိအိပါးလေးကို အပြစ်ပေးသလို ဆွဲဆိတ်ကာ ပြောလိုက်လေသည်
"လုလျန့်ဝေ နင် ဒီနေရာမှာပဲ သေဒဏ်အကျခံရဖို့ ကြိုးစားနေတာလား"လုလျန့်ဝေကတော့ သူမအစ်ကိုဆီကနေ ဒီလိုမျိုးမျှော်လင့်မထားခဲ့ဘူး။ သူမပါးက ဆွဲဆိတ်ခံလိုက်ရတာကြောင့် မျက်လုံးလေးက မျက်ရည်ရစ်ဝိုင်းလို့လာတယ်။ ဒီတော့ သူမပုံလေးက သနားစရာလေးဖြစ်သွားရပြီပေါ့။
" အစ်ကိုကြီး ဘယ်လိုများလုပ်လိုက်တာလဲ၊ နာသွားပြီ.."
ESTÁS LEYENDO
ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်း
Romance^^This is not my own story^^ **only myanmar translation** **Credit to original author and english translator** Genre:normal, romance, historical, fantasy, age-gap Both unicode and zawgyi