Unicode
လုလျန့်ဝေ ခန်းမရှေ့ပေါ်လာတဲ့အချိန်မှာတော့ အားလုံးက အံအားသင့်သွားကြတယ်။
ချက်ချင်းပဲ အံအားသင့်မှုကနေ မကျေမနပ်ဖြစ်ခြင်းနဲ့ နှိမ်ချင်တဲ့ သဘောထားကို ပြောင်းလဲသွားတော့တယ်။ လုလျန့်ဝေ ဆိုတာ အိမ်ရှေ့စံကို လက်ထပ်ဖို့ အရူးအမူးဖြစ်နေတဲ့ မိန်းမမဟုတ်လား။
မကြာသေးခင်ကပဲ ကြိုးဆွဲချသေဖို့ လုပ်ခဲ့ပြီး အခုတော့ ဘယ်လိုများဆုံးဖြတ်ကြမလဲဆိုတာ မစောင့်နိုင်တော့လောက်အောင်ကို အခန်းရှေ့ချက်ချက်းရောက်လာတော့တာပါလား။ဘယ်လိုတောင် အသည်းအသန်ဖြစ်နေရတာလဲ။
သူမကို အမြဲတမ်းတုန်နေအောင်ချစ်တဲ့ လုဟန်ထျန်း ကတော့ တကယ်ကို ရှက်နေရတယ်။
အိမ်ရှေ့စံရဲ့ ဖုံးကွယ်မထားတဲ့ သူ့သမီးအပေါ် စိတ်ပျက်မှုနဲ့ အထင်းသေးမှုတို့ကို တွေ့လိုက်ရတဲ့အခါမှာတော့ သူရုတ်တရက် ဒေါသထွက်သွားရတယ်။လုဟန်ထျန်းရဲ့ သမီးတစ်ယောက်အနေနဲ့ လုလျန့်ဝေဟာ တော်ဝင်မင်းသမီးတွေကို မမှီရင်တောင် သူမရဲ့ ဘဝကို အမြဲတမ်းပြီးပြည့်စုံအောင် ထားခဲ့တာဖြစ်ပြီး လုလျန့်ဝေက သူ့ရဲ့ အသည်းကြော် သမီးလေးဖြစ်တယ်။ သူမက ရည်မွန်တဲ့တကယ့်ယောကျာ်းတစ်ယောက်ရှာချင်ရင်တောင် သူမနဲ့ လက်တွဲဖို့စိတ်ဝင်စားနေတဲ့သူတွေအများကြီးရှိတယ်။
ဒါပေမဲ့ သူ့ရဲ့ ဒီမိုက်မဲ့တဲ့ သမီးက အိမ်ရှေ့မင်းသားတစ်ယောက်ကိုသာ မျက်လုံးထဲရှိနေပြီး မောင်းမဆောင်ထဲကကိုယ်လုပိတော် တစ်ယောက်ဖြစ်ရမယ်ဆိုရင်တောင် လက်ထပ်ချင်နေတယ်။
သူအရင်က ကန့်ကွက်ခဲ့ပေမဲ့လည်း သူ့သမီးက ကိုယ့်ကိုယ်ကို သတ်သေဖို့လုပ်ခဲ့တဲ့အခါမှာတော့ သူ့ရင်ထဲမှာ အကြောက်တရားတို့က စိုးမိုးလာရတော့တယ်။ သူသမီးက နောက်တစ်ကြိမ်သတ်သေဖို့ကြိုးစားပြီး ဒီသမီးကိုဆုံးရှုံးရမှာကို တကယ်ပဲကြောက်မိတယ်။
ဒီတော့ သူ့ကိုယ်သူ အောက်ကျခံပြီး အိမ်ရှေ့စံကို ကိုယ်တိုင်တောင်းဆိုရတော့တယ်။" ဝေဝေ၊ ဘာကြောင့်အခန်းထဲမှာ အနားမယူဘဲ ဒီကို ရောက်နေရတာလဲ"
မဒမ်ကျန့်က သူမရဲ့ အထင်သေးမှုတို့ကို ဖယ်ဖျောက်လိုက်ပြီး လုလျန့်ဝေကို ကူညီဖို့ သွားလိုက်တယ်။
أنت تقرأ
ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်း
عاطفية^^This is not my own story^^ **only myanmar translation** **Credit to original author and english translator** Genre:normal, romance, historical, fantasy, age-gap Both unicode and zawgyi