Chapter(22)-တော်တော်ဒေါသထွက်သွားစေပြီ

5K 597 4
                                    

Unicode

မြို့စားကတော်ဟောင်းကြီး အလန့်တကြားဖြစ်လို့သွားတယ်။ "ဝေဝေ ဘာလုပ်တာလဲ"

လုလျန့်ဝေက ခေါင်းကို့မော့ကာ သူမရဲ့ လှပတဲ့ မျက်လုံးထဲမှာတော့ ခိုင်ကြည်တဲ့ အကြည့်တို့ရှိနေပြီး ရိုးသားစွာပြောလိုက်သည်
"အဖွား ၊ သမီး အတိတ်မှာတုန်းက ရူးမိုက်တဲ့အရာတွေအများကြီးလုပ်ခဲ့မိပြီး မြို့စားအိမ်တော်ကို အရှက်ရစေခဲ့တယ်၊ သိပ်မကြာခင်တုန်းက ကိုယ့်ကိုယ်ကို ကြိုးဆွဲချလောက်တဲ့အထိ အမြော်အမြင်မရှိ ကြိုးပမ်းခဲ့မိတယ်၊ အခုတော့ သမီးမှားမှန်းသိပြီး နောင်တရနေပါပြီ၊ သမီးကို အပြစ်ပေးလိုက်ပါ အဖွား "

မြို့စားကတော်ဟောင်းကြီးက ဒီမိန်းကလေး  မြို့စားအိမ်တော်အတွက် ဒုက္ခတွေအများကြီးရှာခဲ့တယ်ဆိုတာ သိပါတယ်၊ ဒါပေမယ့်လည်း သူမရဲ့မြေးမက သူမအဝေးရောက်နေချိန်မှာ ကိုယ့်ကိုယ်ကို သတ်သေလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးပါဘူး။
ဒီသတင်းကို ရုတ်တရက်သိလိုက်ရချိန်မှာတော့ မြို့စားကတော်ဟောင်းကြီး အတော်ဒေါသထွက်ရပါပြီ။ ဒေါသနဲ့ စိတ်ပျက်မှုတို့က သူမ မျက်နှာမှာ ပေါ်လာရပါပြီ။

မြို့စားကတော်ဟောင်းကြီးဟာ စိတ်ဓာတ်မာကျောသူပါ။ အထိမခံ ရွှေပန်းကန် အမျိုးသမီးတွေနဲ့ လုံးဝကို ကွဲပြား ခြားနားသူပါ၊ သူမရဲ့မြေးမတွေကို သူမလိုမျိုး စစ်ပွဲတွေမှာပါဝင်စေဖို့လည်း စိတ်မကူးပါဘူး၊ ဒါပေမယ့် အနည်းဆုံးတော့ သူရဲဘောကြောင်ပြီး မဖြစ်မမြောက်တဲ့ သူမျိုးတော့ မဖြစ်စေချင်ပါဘူး။

မြို့စားအိမ်တော်ရဲ့ သမီးတစ်ယောက်အနေနဲ့ လက်ထပ်ဖို့ ကိစ္စကို ဘာများစိတ်ပူစရာရှိလဲ၊ ယောကျာ်းတစ်ယောက်အတွက်နဲ့ ဘာကြောင့်များ သတ်သေရတာလဲ။

သခင်မကြီးက မျက်လုံးသာ မှိတ်ထားလိုက်မိတယ်၊ ကိုယ့်ကိုယ်ကို မလေးစား၊ ကိုယ့်ကိုယ်ကို မချစ်တတ်တဲ့ မြေးမတစ်ယောက်ရှိနေတာကို အံ့သြမိပါတယ်။
ယောကျာ်းတစ်ယောက်အတွက်နဲ့ ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတာကို သခင်မကြီး ဘယ်လိုမှ သည်းမခံနိုင်ပါဘူး။

သူမရဲ့ နဖူးက သွေးကြောတွေတောင် တဒုတ်ဒုတ်ခုန်နေပါပြီ၊ စားပွဲပေါ်ကို လက်နဲ့ အားပြင်းပြင်းတစ်ချက်ရိုက်လိုက်ပါတယ်၊ ခေါင်းလည်းကိုက်သလို စိတ်လည်းပျက်ရပါတယ်၊
"နင် ငါ့ကို တကယ်စိတ်ပျက်စေတာပဲ"

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now