အခန်း ( ၁)

165K 7.3K 1.3K
                                    

ရွာတွင်ဟိုးလေးတကျော်ကျော်ဖြစ်နေသော သတင်းမှာ သုံးလေးပတ်ခန့်ကြာသည်အထိပင် တောမီးလိုလောင်ကျွမ်းကောင်းတုန်းပင် ။

ကြားလို့မှ ကောင်းကြသေးရဲ့လား ။ ကိုဘမောင်နှင့်ကိုရှိန်းနောင်တို့ ကွာရှင်းလိုက်သည်တဲ့  ။ 

သိကြားမင်း အဝတ်မပါပဲလူ့ပြည်ဆင်းတယ် ဆိုရင်တောင် အရပ်ကတို့မှာယုံလိုက်အုံးမည်ဖြစ်သည် ။

  "  မင်းမောင်တို့ပါလား ။ လာလေ "

မြနှင်းမှာ ကိုယ်လေးလက်ဝန်ကြီးနှင့်ဖြစ်ချေသည် ။  ဟိုအရင်တခါအဖြစ်အပျက်ပြီးကတည်းက မင်းမောင်၏ခြေထောက်တစ်ဖက်မှာ အကောင်းတိုင်းမရှိတော့ပဲ အထောက်အကူသုံးနေရပြီဖြစ်သည်။

   "  ကိုကြီးဘမောင်  အဆင်ပြေရဲ့လား"

မြနှင်းမှာ ခုံတန်းတွင်ထိုင်လို့ ခပ်နွမ်းနွမ်းဖြစ်နေသော ဘမောင်အားကြည့်လို့မေး၏။

   "  အသည်းတစ်ခြမ်းပျားတုတ်ထားသလိုပါပဲ မြနှင်းရယ်  ။ ငါ့မယ်အဆင်မပြေပါဘူး  " 

  "  ဒါဖြင့်လဲ  ပြန်ပေါင်းပေါ့  " 

မြနှင်း၏စကားကြားတာနှင့် ဘမောင်နှာခေါင်းရှုံ့လို့ ခပ်ဆက်ဆက်လေးဖြစ်သွားချေသည်  ။ 

  "  ရည်းစားဟောင်းကို ငါမရှိတဲ့အချိန်  အိမ်မှာလက်ခံတာ ကောင်းသလား ။ ပြော မပြောချင်ဘူး ပြောရင်ဖြင့် ဘမောင်တို့လွန်တယ်လာအုံးမယ် ။ ပြီးတော့ ငါ့ကိုအော်တယ်လေ  ...  " 

တကယ်ဆို သူ့ရှေ့က လင်မယားထက် ဘမောင်တို့မောင်နှံမှာ အသက်ရော အိမ်ထောင်သက်ပါပိုကြီးကြ၏။ သို့သော်လည်း ဖြစ်လေသောပြသနာမှာ ငယ်ရွယ်သူတို့ထက်ပင် အထိမခံဆန်နေသောအခါ မင်းမောင်ခမြာလည်း ရယ်ရခက် ငိုရခက်နှင့်သာ။

  " ကိုကြီးဘမောင်သဘောပါ  ။ မြနှင်းတို့ကအပြင်လူပဲဥစ္စာ ။  နှစ်ယောက်သားကွဲပြဲကြရင်း  ဘယ်သူ့ကြည့်ကြည့်တငေးငေး တမှိုင်နဲ့ဆိုတော့ ဘယ်သူကစိတ်ချမ်းသာမှာလဲဆို   " 

"  သူလဲ မှိုင်နေတယ်ပေါ့  ဟုတ်လား... "

မြနှင်းမှာခပ်မြန်မြန်လေးခေါင်းငြိမ့်ပြလိုက်၏။  ထို့နောက်   သုံးယောက်သားဆိုင်ရာ ဆိုင်ရာတွေနှင့်စကားကျရင်းအချိန်အတော်ကြာလိုက်သည် ။

လွမ်းဖွဲ့တေးသီ ချစ်သည်းဆီ Where stories live. Discover now