အခန်း ( ၁၀)

44.2K 4.6K 414
                                    


ကိုဘမောင်ဥူးဇင်းဝတ်ပြီးတစ်ရက်အကြာ နွယ်ခက်ချို ပြန်ရောက်လာခဲ့သည်။  အသားတွေပိုဖြူလာကာ ယခင်လိုသာလှပနေဆဲပင် ။

   "  မနေ့ကရောက်ရင် အလှူကိုမှီလိုက်အုံးမှာ "

   " နွယ်လဲ အရောက်ပြန်လာတာကိုကိုကြီးရေ  ကိစ္စတွေပေါ်လာတော့ အချိန်တွေနှောင်းကုန်တာပဲ "

  "  ဘယ်လိုပဲဖြစ်ဖြစ်ပါ ရောက်လာတာပဲ တော်လှပါပြီ  ။ ငါတို့မောင်နှမ မဆုံဖြစ်တာ အတော်ကိုကြာနေပြီလေ "

ရောက်ကတည်းက နှစ်ဦးသားအလွမ်းသည်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရင်း အချိန်တွေကုန်ခဲ့တာကိုပင်သတိမကြားမိကြချေ  ။ 

   "  နွယ်လဲနားတော့လေ ။ မနက်ကျရင် တန်းဆွမ်းအတွက် ငါပဲထချက်လိုက်မယ်   "

....

" ဆွမ်းတော် ဗျို့   ... "

ဒူ ဝေ  ဝေ  ......

တစ်ဖက်တည်းတွင်ရပ်လို့ဆွမ်းအုပ်တွေကိုင်ကာ သဘက်တွေပခုံးပေါ်တင်လို့ ရိုရိုကျိုးကျိုးရပ်နေသော အမျိုးသမီးတွေ ကြားရှိန်းနောင်ဟာတစ်ဦးတည်းသောအမျိုးသားပင်ဖြစ်သည်။

ဇွန်းကြီးဖြင့် တစ်ပါးချင်းဆီလောင်းလို့ ဥူးဇင်းထံရောက်တဲ့အခါ ဆွမ်းလောင်းရင်း ခေါင်းကိုငုံ့ထားမိသည် ။

ပျော်ရွှင်ကြည်နူးမှုတို့သည် နှလုံးသားဆီတိုးဝှေ့လို့ စီးကျလာသောမျက်ရည်စက်တို့အား သူမထိန်းခဲ့ချေ။

အနှီကြည်နူးပီတိသည် ဘယ်အရာနှင့်မည်တူမည်မဟုတ် ။ ဘဝတစ်ကွေ့အတွေ့အကြုံတွင် အထူးခြားဆုံးသော ဝမ်းမြောက်ဝမ်းသာဖြစ်မိခြင်းပင်ဖြစ်သည်။

    "  နွယ်  ဘယ်နေ့ပြန်မှာလဲ  "

"  ရက်ရှည်ရှည်နေမှာပါ ကိုကိုကြီးရဲ့ "

" ငါ့မလဲ နှမကလေးတစ်ယောက်ရှိပါတယ် ။ ငါးရှဥ့်ဆီလူးထားသလိုပဲ ဖမ်းလို့ကိုမမိဘူးဖြစ်နေတယ်   " 

နွယ်ခက်ချိုသဘောကျဟန်ဖြင့် တခိုးခိုးတခစ်ခစ်ရယ်မောလေသည်။

"  နွယ် ကမ္ဘာ့အဖွဲ့အစည်းမှာ နေရာတစ်ခုလောက်ရချင်တယ်ကိုကိုကြီးရဲ့ ။ ဘေးထွက်ဆိုးကျိုးနည်းပြီး အာနိသင်​ကောင်းတဲ့  မြေသြဇာတွေ သာထုတ်လုပ်နိုင်ရင် နွယ်တို့တောင်သူတွေအဆင်ပြေပြီလေ "

လွမ်းဖွဲ့တေးသီ ချစ်သည်းဆီ Where stories live. Discover now