အခန်း ( ၄)

59.5K 5.3K 1.3K
                                    


အိမ်ထဲသို့ ခေါ်လိုက်ရင်း ခန္ဓာကိုယ်အား ​စောင်ဖြင့်လွှမ်းခြုံစေလိုက်သည်။

  "  နေဖြင့်မကောင်းသေးပဲကို ဘာလို့ဒီလောက်အအေးခံနေရတာလဲ  " 

"  ချစ်သည်း  လို့... " 

"  ရေနွေးလေးနည်းနည်း သောက်လိုက်    ... အိုး ဗုဒ္ဓ "

ရေနွေးခွက်အားပုတ်ချလို့ ရှိန်းနောင်အား ဒူးခေါက် မှလျှိုကာပွေ့ချီရင်း အခန်းတွင်းမှအိပ်ယာဆီ အသာယာချပေးလို့ ခပ်တွေတွေစိုက်ကြည့်နေချေသည် ။

ရှိန်းနောင်၏ မျက်နှာနုနုမှာ အနီရောင်လှိုင်းလေးကွန့်မြူးနေရင်း မျက်နှာအားဘေးသို့လွှဲချထား၏။

   "  ချစ်သည်းရင်ဘက်ထဲ ကျောက်ခဲတွေများရှိလေသလား  ။  သိပ်အသည်းမာတာပဲ  " 

  "  သိရင်လဲ  ကျုပ်မကြိုက်တာမလုပ်နဲ့လေ  ။  မသိရင်ပဲ ဒီလူက တွေ့ရာလူနဲ့ပလူးနေသလိုနဲ့  သူပဲပြောပြီး  "

"  ချစ်လို့လေ ချစ်သည်းရဲ့  ။ သဝန်တိုတယ်ဆိုတာ မယုံလို့မဟုတ်ဘူး ချစ်ခြင်းမေတ္တာရဲ့အပိုင်းအစလေးတွေက ပေါက်ဖွားတဲ့ ခပ်မွှားမွှားမီးစလေးတွေပဲ  ။  မောင့်အတွက်တော့ သိပ်ပူလောင်ရတာမို့ပါ  " 

ပြောရင်းဖြင့် နဖူးဆီ ခပ်ဖွဖွအနမ်းခြွေပြန်၏။  နှစ်ဦးသား မချစ်လို့မဟုတ်ပဲ တစ်ယောက်နဲ့တစ်ယောက် ခဏတာ အချစ်စမ်းခြင်း၏ရလာဒ်ကတော့ နောက်ထပ်ဘယ်တော့မှ ထပ်မခွဲနိုင်လောက်အောင်အထိကိုမှတ်သားခဲ့ရချေပြီ ဖြစ်သည် ။ 

  "  ဖယ်အုံး  ကိုယ်ပေါ်က "

" ရောက်လက်စနဲ့တော့မထူးတော့ပါဘူးချစ်သည်းရယ်  ။ ​ရှေ့တစ်လှမ်းတိုးလိုက်ရင်ပဲ  ခရီးဆုံးပြီပဲဟာ  " 

"  မောင့် အဖျားကကျပြီမို့လို့လား "

ဘမောင်မျက်လုံးလေးထောင့်ကပ်စဥ်းစားလိုက်ရင်း သူ၏လက်အားအောက်သို့လျှောချကာ စူးစမ်းသည့်ဟန်ဖြင့်ပြုမူနေကာ ပြီးနောက်ထပ်သြသြအသံဖြင့်ဆို၏။

" မကျဘူးချစ်သည်းရဲ့  မောင့်အဖျားကအရင် ဆိုဒ်ပါပဲ  ...  " 

ရှိန်းနောင် နားရွက်တွေမှာနီရဲလို့ ထပ်မံမျက်နှာလွှဲလိုက်ရချေသည် ။  သူပြောတဲ့အဖျားက နေမကောင်းသည်ကိုပြောပေမဲ့  လူဘူးလေးမောင်ဟာ ဘယ်အဖျားကိုပြောနေမှန်းမသိ  ။ 

လွမ်းဖွဲ့တေးသီ ချစ်သည်းဆီ Where stories live. Discover now