အခန်း ( ၂)

63.2K 5.8K 748
                                    

အလှူပွဲတစ်ခု၌ နှစ်ယောက်သားဆုံကြတဲ့အခါ ရှိန်းနောင်ဘက်မှမျက်နှာစတင်လွှဲသွား၏။  ထိုအမူယာလေးတစ်ခုနဲ့တင်ဘမောင်၏ နှလုံးသားမှာ အပ်ပေါင်းတစ်ထောင်ဖြင့်ထိုးစိုက်ခံနေရသည့်နှယ်  ။

   "  ကိုဘမောင်  လာပါ  ထိုင်ပါအုံးဗျ "

လူကြီးတစ်ယောက်မှ ဖိတ်ခေါ်တဲ့အခါ ဘမောင်ငြင်းဆန်ရန်မဖြစ်နိုင်တော့ပဲ ရှိန်းနောင်နှင့် မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်တော့သည်  ။ 

ခေါ်ပြီးကာမှ နှစ်ယောက်သားအခြေနေကိုသတိရပြီး လူကြီးတွေမှာအင်တင်တင်ဖြစ်ကုန်ကြလေသည် ။ 

   "  အို  ... ကိုမြတ်စိုးတို့အလုပ်အကိုင်အဆင်ပြေရဲ့လား  ။ ဒီနှစ်ကပဲကလဲအထွက်ကောင်းတော့ ပွကြောပဲပေါ့ "

  "  ဟုတ်ပါ့  အိမ်ကဇနီးဆီ ပိုက်ဆံအပ်ရတာ သိပ်မျက်နှာလှ ဗျာ  ...  " 

လူကြီးတွေမှာရယ်ပွဲကျနေသော်လည်း ဘမောင်၏အကြည့်တွေကတော့ လည်ကတုံးအပြာနုနှင့် ခပ်တည်တည်မျက်နှာပေးလေးဆီသာစိုက်ကပ်နေလေသည်  ။ 

ရှိန်းနောင်မှာ ဟိုအရင်လိုသူ၏အသားအရည်လေးမှာဖြူဖွေးနေဆဲ ။  မျက်နှာရှိမွှေးညှင်းနုနုလေးတွေမှာ နေရောင်အောက်မှာဆိုပို၍ထင်သာမြင်သာရှိလေသည်  ။ 

  "  ကျုပ်ပြန်လိုက်အုံးမယ်။ ကြိုးတံတား ဆွေးနေတာလေး လဲပေးရမှာဆိုတော့  " 

လူကြီးတွေအားနှုတ်ဆက်စကားဆိုလို့ ထွက်သွားသော ကျောပြင်ကျယ်အားကြည့််လို့ရှိန်းနောင် ရေနွေးခွက်အားခပ်တင်းတင်းလေးသာ ကိုင်ထားလိုက်မိသည် ။

      
...... 

    "  ဟို  ...  အစ်ကိုကြီး  ။  ကိုကြီးဘမောင်လေ  ဖျားလို့ရယ်  ကြိုးတံတားလုပ်နေရင်းရေတက်လာတာကို မရပ်ပဲ ဆက်လုပ်နေတာ  ကိုယ်လဲတော်တော်ပူတယ်ပြောတယ်  ဆေးမသောက်ဘူးချည်းလုပ်နေတာ  ... " 

မြနှင်းမှာ ပြောနေရင်းပင် မျက်ဝန်းတို့နီရဲလာ၏။  မင်းမောင်မှာချော့မော့ရင်း ပခုံးအားအသာလေးပုတ်ပေးနေလေသည်။ 

   " သွားကြည့်လိုက်ပါအုံးဗျာ  ။  ဒီလိုမျိုး  လုပ်နေတာ ပင်ပန်းနေကြရဲ့သားနဲ့"

လွမ်းဖွဲ့တေးသီ ချစ်သည်းဆီ Where stories live. Discover now