Unicode
.................ကျွန်တော့် ဘဝမှာ အရာရာဟာ အဆင်ပြေမနေဘူးဗျ။ဘယ်ကစပြောရမလဲဆိုရင် ကျွန်တော် ၉နှစ် အရွယ်လောက်ကပဲ။
အဲ့မတိုင်ခင်ကတော့ သူများတွေလိုတန်းတူ ပျော်ရွှင်ခဲ့ရတယ်။ မူလတန်းပထမနှစ်လည်းပီးရော မိုးနတ်မင်းကြီးက ကျွန်တော့် ပျော်ရွင်မှုတွေကို ယူဆောင်သွားခဲ့တယ်။
ကျွန်တော့် မိဘတွေ ကားအက်ဆီ့ဒင့် ဖြစ်ပီး ဆုံးသွားခဲ့တယ်။ ကျွန်တော် မှတ်မိသေးတယ်ဗျ....အဲ့နေ့က ဖေဖေနဲ့ မေမေရဲ့ နောက်ဆုံးအပြုံးလေး ကျွန်တော် ကျောင်းမသွားခင် နှုတ်ဆက်ခဲ့သေးတယ်။
မိဘဆုံးတော့ ကျွန်တော် ဦးလေးဆီမှာ ကပ်နေဖြစ်သေးတယ်။ ဒါပေမဲ့ ဘယ်လိုပြောရမလဲ အများအမြင်ကနေကြည့်ရင်တော့ တူလေးကို သိပ်ချစ်တာပေါ့လေ။ ဒါပေမဲ့ မိဘတွေ ဈာပနအပီးမှာပဲ သူ့အကြွေးရှင်တွေဆီ ရောင်းစားဖို့ကြံလို့ ကျွန်တော် ခြေဦးတည့်ရာ ထွက်ပြေးလာခဲ့ရတယ်။
ဒီလိုနဲ့ လမ်းမှာတွေ့တဲ့ အဒေါ်ကြီး တစ်ယောက်က ကျွန်တော့ကို 'အေးရိမ်မြုံ' ဆိုတဲ့ မိဘမဲ့ဂေဟာကို ပို့ပေးခဲ့တယ်။ အဲ့မိဘမဲ့ဂေဟာက မူလတန်းထိပဲ စာသင်ပေးတာ...အလယ်တန်းနဲ့ အထက်တန်းကိုတော့ အများနည်းတူ ကျောင်းမှာတက်ရတယ်။
မိဘမဲ့ကျောင်းမှာ စရောက်တည်းက တယောက်တည်းနေဖြစ်တာများတယ်။ သိပ်စကားမပြောဖြစ်တာလည်းပါမှာပါ။ ဘဝက ကျောင်းမှာ စာသင်လိုက်၊ ဝေယျာဝစ္စ ဝိုင့းကူပေးလိုက်နဲ့ပဲ နည်းနည်း....အရမ်းကို နည်းနည်းလေး သာယာနေသေးတယ်။
ပြဿနာက ဘယ်ကစတာလည်းဆိုတော့ အလယ်တန်းနောက်ဆုံးနှစ်လောက်မှာ စတာပဲ။ ကျွန်တော် အဲ့ချိန်ကစပီး လူတွေကို အရမ်းမုန်းသွားခဲ့တာ....ပြောရရင် သံယောဇဥ်တွေ အချစ်တွေဆိုတာကို မယုံချင်တော့တာပဲ။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
Intro လေးရေးလိုက်ပါတယ်။
ဖတ်ပီး ကြယ်လေးတွေမျှဝေပေးခဲ့ပါ....😁😁😁ဒီမှာပါတဲ့ ဇာတ်ကောင်တွေက ကိုယ်တွေစိတ်ကြိုက် ဖန်တီးထားတာပါနော်။ အပျော်အနေနဲ့ အပျင်းပြေရေးတာမို့ မကောင်းရင်လည်းဝေဖန်နိုင်ပါတယ်။ အားလုံးကို ကြိုဆိုလျက်ပါ။ ဝေဖန်နိုင်တယ်..သို့သော်မရှုံချပါနဲ့။
YOU ARE READING
Soulmates (Completed)
RomanceUni ....... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ First time writing bl.... ဒီဇာတ်လမ်းက ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။💛💛💛 There'...