Story 11

30.1K 1.3K 19
                                    

Unicode
................

နှောင်းကို အိမ်ခေါ်လာပီးတည်းက စက်လည်း အိမ်မှာပဲ တူတူနေဖြစ်တယ်။ နှောင်းက အိမ်စရောက်ပီးတည်းက အခန်းထဲမှာပဲ ငြိမ်ငြိမ်လေးနေတယ်။ တစ်ချို့အချိန်တွေဆို အိမ်ရှေ့မှာထိုင်နေတတ်တယ်။ တစ်ခါတစ်လေ ကျတော့လည်း ထထဖောက်တာတွေတော့ရှိတာပေါ့။

တစ်ရက် အိမ်ရှေ့မှာထိုင်ရင်း ဘာတွေ့သွားလို့လဲမသိပါဘူး စိတ်လွတ်ပီး တွေ့သမျှပစ္စည်းတွေရိုက်ခွဲ သူ့ကိုယ်တိုင်လည်း လက်သည်းတွေနဲ့ကုတ်တာ အသားတွေပဲ့ကုန်တာ သွေးတွေဆိုတာလည်း မြင်မကောင်းဘူး။

စက်က သူ့အနားပြေးသွားပီး ဝင်ဆွဲတာတောင်မရဘူး။ အလုပ်သမားတွေဆို အနားတောင်မကပ်ရဲဘူး။ နှောင်းတည်လေးကိုလည်း အခန်းထဲ ခေါ်သွားခိုင်းလိုက်ရတယ်။ နှောင်းရဲ့ လက်တွေကို အသားကုန်ချုပ်ပီး တင်းတင်းဖတ်ထားလိုက်မှသာ ငြိမ်ကျသွားသည်။

ဆရာဝန်ကိုလည်း ပင့်လိုက်ရသည်။ ခုလည်း ထုံးစံအတိုင်း အိမ်ရှေ့မှာထိုင်နေတယ်။ စက်လည်း လက်တော့ပ် ကို ကိုင်ပီး နှောင်း နဲ့မနီးမဝေးမှာထိုင်ပီး အလုပ်လုပ်နေလိုက်သည်။ ကလေးကတော့ နှောင်းနဲ့ အပြိုင်ခြံထဲမှာ ရှိတဲ့ပန်းအိုးထဲက ပန်းပွင့်ဖတ်လေးတွေထိုင်ခြွေနေတယ်။

'' Ring Ring''

'' ပြောပါ ''

'' ဘော့စ် ဦးဇေယျာတို့ဘက်က စလှုပ်ရှားနေပီ။ သူတို့ ဒီနေ့ xxx နားမှာ ချိန်းထားတယ်။ ပစ္စည်းလဲဖို့  သိန်းသုံးရာလောက် တောင်းတယ်''

'' ဘယ်ချိန်လောက်လဲ''

'' ည ၉ နာရီလောက်လို့ပြောတယ် ဘော့စ်''

'' ကောင်းပီ အသင့်ပြင်ထား.... ငါကိုယ်တိုင် အဆုံးသတ်ပေးမယ် အဲ့နားတစ်ဝိုက် ရဲတွေကိုလည်း ကြိုအကြောင်းကြားထားဦး ''

'' ဟုတ်ကဲ့ဘော့စ်''

စက် ဖုန်းကိုချကာ မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပီး လက်သီးကို ကျစ်ကျစ်ဆုပ်ကာ

'' ခဗျားရဲ့ ဇာတ်သိမ်းခန်းရောက်လာတော့မှာပဲ....ကျုပ်ပိုင်ခဲတဲ့ အရာကို လာထိခဲ့သလိုပဲ ခဗျားပြန်ခံစားစေရမယ် ''

Soulmates (Completed)Where stories live. Discover now