Unicode
................(Ring Ring)🎶🎶
''ဟဲလို.....အမိန့်ရှိပါဗျ။''
'' မိုးယံသက်တံ့နဲ့ ပြောချင်လို့ပါဗျ''
'' ဟုတ်ကဲ့ မိုးယံပါ..... ဘယ်သူ...''
'' မိုးယံလား.....ငါ နှောင်းပါ.....မင်းခုအားလား.....မအားရင်လည်း ဘယ်ချိန်အားလဲ ငါတို့ ခဏလောက်တွေ့ကြရအောင် ပီးတော့ ငါမေးစရာရှိလို့''
''ဟဟ.....ဖြည်းဖြည်းမေးပါဟ....ဘယ်လိုတောင် လောနေရတာလဲကွ ''
''အေးပါကွာ ငါစိတ်လောသွားတယ်။''
'' ခုတော့ project meeting လုပ်ရတော့မှာမို့...... မနက်ဖန် ၂ နာရီလောက်တော့အားတယ်''
''ဟုတ်လား...အာ့ဆို XXX Cafe မှာတွေ့ကြတာပေါ့''
'' အင်း...အာ့ဆို ဘိုင့်ဘိုင်နော်''
''ဘိုင့်ဘိုင် ''
နှောင်းဖုန်းချပီး သက်ပြင်းယဲ့ယဲ့ချမိသည်။ သူ ဒီရက်ပိုင်းအတွင်း စဥ်းစားနေခဲ့တာ သူနဲ့ ထိုအယ်လ်ဖာ သုံးယောက်နဲ့ သိပ်အကြောမတည့်ပါ။ အကြောင်းရင်းကတော့......
လွန်ခဲ့သော ၁၂ နှစ်က.......
အလယ်တန်းကျောင်းလေး တစ်ကျောင်း၌ ကလေးငယ်များပျော်ရွှင်ပြေးလွှား ေဆာ့ကစားနေကြတယ်......ထိုအထဲမှ တစ်ဦးတည်း အထီးကျန်စွာ ဒန်းငယ်လေးမှာ ထိုင်နေတဲ့ ကလေးငယ်လေး တစ်ဦးလည်းရှိခဲ့တယ်။
မူလတန်း နောက်ဆုံးနှစ်ဆိုပေမဲ့ သူ့မှာ အလယ်တန်းကျောင်းကိုပြောင်းလာတာလဲ မကြာသေးလို့ သူငယ်ချင်းများ မရှိသေးပါ။ ဒါ့ကြောင့် တစ်ကိုယ်တော် လာထိုင်နေခြင်းပါ။
ခဏကြာတော့ ကျောင်းတက်ချိန်ရောက်လို့ အတန်းထဲ ကိုယ်စီပြန်ဝင်သွားကြတယ်။ အတန်းထဲ၌ ထိုကောင်လေးနားကို တခြားကလေး ၃ယောက်လောက်ရောက်လာခဲ့တယ်။
'' မင်းက ကျောင်းသားသစ်ဆို''
ကောင်လေးက မှောက်အိပ်နေရာမှ ထလာပီး ထိုကလေးတို့ကို မော့ကြည့်ပီး ခေါင်းညိမ့်လိုက်တယ်။
ထိုကလေးထဲမှ သွက်သွက်လက်လက်ရှိတဲ့ တစ်ယောက်က ပြုံးပြပီး ...
ESTÁS LEYENDO
Soulmates (Completed)
RomanceUni ....... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ First time writing bl.... ဒီဇာတ်လမ်းက ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။💛💛💛 There'...