Unicode
................'' သေချာလို့လား ဒီနားမှာဆိုတာ ''
'' ဟုတ်..... လိပ်စာအရ ဒီနားတစ်ဝိုက်ပဲ ''
စက်နဲ့ ထိုက်တန် xxရပ်ကွက်နားမှာ ရှာနေတာ နှံ့နေပီ ခုထိ အရိပ်ယောင်တောင်မတွေ့ရ။ ဒါပေမဲ့ မသိစိတ်ကတော့ နှောင်းဒီနားတစ်ဝိုက်မှာ ရှိနေတာသိသည်။
( ရှေ့ပိုင်းမှာ ပြောထားသလိုပဲ Bond ဖြစ်နေတာကြောင့်ပါ။ ကိုယ့်ပါတနာကို ဘယ်နားမှာရှိလဲ အာရုံရနေတာ)
'' ကျွန်တော် ဟိုဘက်နား သွားကြည့်လိုက်မယ်ဘော့စ်''
'' အင်း တွေ့ရင် ဖုန်းဆက်လိုက် ''
'' ဟုတ်ကဲ့ ''
စက်လည်း ဒီဘက်နား တစ်ဝိုက်မှာ ရှာနေရင်း လမ်းကြားနားမှာ သူရင်းနှီးတဲ့ အနံ့ရလို့ ရှေ့တိုးကြည့်လိုက်သည်။ အနားရောက်လေ အနံ့ ပိုပြင်းလာလေ ဖြစ်သလို ရင်ဘတ်ထဲမှလည်း တဒိတ်ဒိတ်ခုန်နေလေသည်။
စိတ်လှုပ်ရှားလို့ပဲလား ဘာလို့မှန်းမသိ၊ ရင်တွေတော့ အသေခုန်နေတယ်။စက် လမ်းကွေ့လည်းချိုးလိုက်ရော လူတစ်ယောက်ကို ၃ယောက်က ဝိုင်းထားတာတွေ့လိုက်ရတယ်။မသေချာပေမဲ့ မသိစိတ်က ဖြစ်များဖြစ်နေမလားဆိုပီး တွေးပူနေမိတယ်။
'' အိုမီဂါလေးက အသကုန်ရုန်းတယ်နော်။ မပူပါနဲ့ ဒီကကောင်က ဖြည့်စည်းပေးမှာပေါ့ မင်းရဲ့ Heat ကြောင့် ငါ့အကောင်လေးထောင်နေပီလေ''
'' မလုပ်ပါနဲ့ဗျာ ကျွန်တော် ကြောက်တယ်.... လွှတ်ပေးပါ လွှတ်ပေးပါဗျာ.... အီးဟီး ''
ပြောရင်း မျက်ရည်ကျလာကာ ပါးစပ်မှလည်း ဂယောင်ခြောက်ခြားစွာ အော်နေတယ်။
'' ကလေး... ဟုတ်တယ် ကျွန်တော့်ကလေး ရှိတယ်ဗျ သေသွားလိမ့်မယ် မလုပ်ပါနဲ့ ဟင့် ရွှတ်''
ထိုလူတွေက ကြည့်ရင်း
'' ဟားဟားဟား မင်းကလေး??? ဘယ်က မရှိတဲ့ကောင်ကိုပြောနေတာလဲ ကြာတယ်ကွာ ဟေ့ကောင်တွေ ချုပ်ထားလိုက်''
''မလုပ်ပါနဲ့ လွှတ်...လွှတ် ''
ထိုလူက အကျီကို ဆွဲဖြဲလိုက်စဥ် အနောက်ကနေ တစ်ယောက်ယောက် ထိုလူပုခုံးအားလှမ်းဆွဲလိုက်သဖြင့်....
YOU ARE READING
Soulmates (Completed)
RomanceUni ....... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ First time writing bl.... ဒီဇာတ်လမ်းက ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။💛💛💛 There'...