ကိုယ် ရဲ့ပထမဆုံးဝတ္ထုတိုလေးပါ
သူငယ်ချင်းရဲ့စိတ်ကူးလေးကိုပြန်ရေးဖွဲ့ထား
တာပါလိုအပ်ချက်များစွာရှိသေးလို့
သည်းခံပြီးဖတ်ပေးကြပါရှင့်
စိတ်ကူးလေးကိုပြောပြတဲ့သူငယ်ချင်း
Soe Min Hein ကိုလည်းကျေးဇူးပါ
***************************
တစ်ပိုင်းတစ်စမျက်ရည်နဲ့မသေချာသောကတိ
---------------------
မရွှေရည်
အသက်(၂၀)
၂၅. ၁၁. ၂၀၂၀တွင်ကွယ်လွန်သည်
အသစ်စက်စက်အုတ်ဂူလေးရှေ့တွင်ငိုကြွေး
နေသောကောင်လေးတစ်ယောက်။
ထိုမြင်ကွင်းကိုမြင်သောသူတိုင်းကချစ်သူ
ကောင်မလေးသေလို့ကောင်လေးကငိုကြွေး
နေတယ်လို့ကောက်ချက်ချပါလိမ့်မယ်။
ဒါပေမယ့်အဖြစ်မှန်ကကောင်မလေးသေလို့
ငိုကြွေးခြင်းမဟုတ်ပဲ နောင်တတရားတွေက
သူရင်ထဲမှာပြည့်လျံနေလို့ငိုကြွေးခြင်းသာ။
လွန်ခဲ့သောအတိတ်ဆီသို့.......
အစ်ကို....အစ်ကို တစ်စိတ်လောက်ရှင့်ကျွန်တော်ကိုခေါ်တာလားဗျ
ဟုတ်ကဲ့....တစ်ခုလောက်မေးချင်လို့ပါရှင့်
ဟုတ်မေးပါဗျ
ဟိုလေအရီးဝိုင်းစိန်တို့အိမ်ကိုသိလားရှင့်
တစ်စိတ်လောက်လမ်းညွှန်ပေးပါလားရှင့်
ဪဟုတ်ကဲ့ကျွန်တော်သိတယ်ဗျ
ဒီလမ်းအတိုင်းတည့်တည့်သွားလမ်းဆုံးရင်
ညာဖက်ကိုချိုးလိုက်ပါ၅အိမ်မြောက်က
အိမ်ပါပဲဟုတ်....ကျေးဇူးပါနော်ရွှေရည်ကအခုမှ
ရောက်ဖူးလို့ပါအရီးလေးတို့နဲ့မတွေ့ရတာကြာပြီဆိုတော့သတိရလို့သာလာရတာ
အခုလိုလမ်းညွှန်ပေးလို့ကျေးဇူးတင်ပါတယ်
ကျွန်မနာမည်ကရွှေရည်ပါ ဒီကအစ်ကိုနာမည်က ဘယ်လိုခေါ်လဲ
မိတ်ဆွေဖွဲ့ထားပေါ့ရှင့်ကျွန်တော်နာမည်ကခန့်ခန့်ပါ
ဒါဆိုသွားခွင့်ပြုပါဦးနော်
ဟုတ်ကဲ့ပါ
ခန့်ခန့်သူရှေ့ကထွက်သွားသောကောင်မလေးကိုမျက်စိတစ်ဆုံးလိုက်ကြည့်မိသည်။
ဘာကြောင့်ရယ်မှန်းမသိ။
သူမကိုစတွေ့ကတည်းကသူ့ရင်ခုန်သံတွေ
မူမမှန်တာကိုသူသာလျှင်အသိဆုံး။
ကောင်မလေးပုံစံကိုကြည့်ရတာမြို့ကနေ
တစ်ယောက်တည်းဒီရွာအထိလာခံတဲ့ပုံစံလေးမြို့သူဆိုပြီးမျက်နှာမှာမိတ်ကပ်တွေနှုတ်ခမ်းနီတွေခြယ်မှုန်းထားခြင်းမရှိ။
ပေါင်ဒါပါးပါးလေးသာရိုက်ထားပြီးနှုတ်ခမ်းပါးလေးကဆေးမဆိုးပဲရဲနေလေသည်။
ခန့်ခန့်သူကိုယ်သူအံသြနေလေသည်။
သူ့ဘဝမှာဘယ်မိန်းကလေးကိုမှဂရုတစိုက်
မကြည့်ခဲ့ချေ။ သူလေးနဲ့ကျမှအလိုထပ်ပြီး
တော့မပြောချင်တော့ပါဘူး။
**********************
နောက်တစ်နေ့မနက်တွင်
ခန့်ခန့်အတွက်အံသြခြင်းများစွာနဲ့
မနေ့ကတွေ့ခဲ့တဲ့သူမလေးကဘေးအိမ်က
ဧည့်သည်ဆိုပါလား
ဪဟုတ်သားပဲ အရိးဝိုင်းစိန်ဆိုတာ
ငါတို့အိမ်ဘေးကကိုငါမေ့နေတာပဲအဟိ...
ဘာပဲဖြစ်ဖြစ်သူအရီးဝိုင်းစိန်အိမ်ကိုထွက်
လာခဲ့သည်။

YOU ARE READING
💛Yellow Happiness 💛
Conto💛 စိတ်ကူးထဲက အဝါရောင်အတွေးစလေးများ💛 💛 စိတ္ကူးထဲက အဝါေရာင္အေတြးစေလးမ်ား💛 Start Date-1.1.2022 End Date - Infinity