True story 1 (Uni)

3 1 0
                                    


လူပို (or) သင်းကွဲလူသား

"ဟဲ့နင်ကလေဘာပဲခိုင်းခိုင်းအသုံးကိုမကျဘူး
နင်ကိုမမွေးပဲထားခဲ့ရမှာနင်ကိုမွေးရတာ
ငါ့အတွက်အကျိုးကိုမရှိဘူးအလကားနေ
ဒီအရည်တွေပဲကျနေတာပြောလိုက်ရင်
ဒီအရည်တွေကျနေမယ့်အစား
ခေါင်းထဲမှာမှတ်ထားလိုက်ပါ့လား"

မနက်စောစောစီးစီးဒေါ်သက်မေရဲ့အော်သံက
ရပ်ကွက်ကိုလွှမ်းသွားတော့သည်။ သူ့သမီး
ဖြစ်တဲ့ကေသွယ်ကိုပြောဆိုနေခြင်းဖြစ်သည်။
ကေသွယ်ကအခုနှစ်မှ၁၀တန်းဖြေထားတာ
ကေသွယ်အထက်တွင်ကျော့မေဆိုတဲ့အစ်မတစ်ယောက်နဲ့သွယ်ကျော့ဆိုတဲ့ညီမတစ်ယောက်ရှိလေသည်
မမကျော့မေကအခုတက္ကသိုလ်ဒုတိယနှစ်
ညီမလေးသွယ်ကျော့ကအခုမှ၈တန်း
အားလုံးကအရေးကြီးနေတဲ့အတန်းဆို
တော့အခုတလောအားလုံးရဲ့တာဝန်တွေက
သူမရဲ့အပေါ်မှာ။
*********************

"အမေပြောစရာရှိလို့"

"ဘာလဲပြော"

"သမီးဒီနေ့လုပ်လိုက်တာလေဖန်ခွက်တစ်လုံး
ကျကွဲသွားလို့ပါ"

"ဘာညည်းအေငါ့အိမ်ကပစ္စည်းတွေကို
ညည်းပဲဖျက်ဆီးနေတာပဲ ညည်းကလေ
တကယ်ကိုအဖျက်သမားပဲ "

"ဖန်ခွက်လေးတစ်လုံးတောင်မနိုင်ရအောင်
နင်လက်ကနူနေတာလားဟမ်"

"နောက်တစ်ခါဆို.. ."

"တော်စမ်းငါဘာမှမကြားချင်ဘူး
ဒီနေ့တစ်နေ့လုံးထမင်းစားဖို့ စိတ်မကူးနဲ့"

"သမီးကထမင်းမစားတော့ဘာစားရမှာလဲ"

"...စားဟေ့နင်ကအဲတာနဲ့ပဲတန်တယ်
နင့်ခေါင်းထဲမှာလည်း...တွေနဲ့ပဲပြည့်နေတာ
နင့်ဦးနှောက်ကပုစွန်ဦးနှောက်ပဲသိလား
တိတ်စမ်းငါအိမ်ကျက်သရေမရှိဘူး
နင်ပြောလိုက်ရင်$ရည်တွေပဲကျနေတာ
ကုန်မကုန်နိုင်ဘူး"

ဒီနေ့ကတော့ကေသွယ်ထမင်းငတ်တဲ့နေ့ပါပဲ
ဒီလိုနေ့တွေကိုကေသွယ်ကျော်ဖြတ်နေကျပါပဲ
သိပ်မထူးဆန်းတော့ပါဘူး
ကေသွယ်နဲ့ဆိုအမေကဘယ်တော့မှ
ပြုံးရယ်ခြင်းမရှိပေ။ မမတွေညီမလေးတွေနဲ့ဆိုမေမေမျက်နှာက
ပြုံးနေလိုက်တာများ ကေသွယ်မေမေဆီကအသိအမှတ်ပြုတာကို
တစ်ခါလောက်တော့ရဖူးချင်မိတယ်
*************************

💛Yellow Happiness 💛Where stories live. Discover now