အရင်လူ....ဒီနေ့ကဆယ်တန်းအောင်စာရင်းတွေထွက်
တဲ့နေ့လေးပေါ့တိမ်ငွေ့အရမ်းပျော်နေတယ်
သူမလည်းဆယ်တန်းဆိုတဲ့အခက်အခဲကြီးကို
ကျော်ဖြတ်နိုင်သွားပြီလေ....ဖေဖေနဲ့မေမေကဆယ်တန်းအောင်တဲ့အနေနဲ့
ဖုန်းတစ်လုံးနဲ့မုန့်ဖိုး၅သောင်းဆုချတယ်
တိမ်ငွေ့အရမ်းပျော်တယ်အခုဆိုသူမမှာ
ကိုယ်ပိုင်ဖုန်းတစ်လုံးရှိပြီမလား
သူမကဝတ္ထုဖတ်ရတာတွေကိုအရမ်း
သဘောကျတဲ့သူတစ်ယောက်
သူမ Facebook account
တစ်ခုဖောက်လိုက်တယ်နာမည်ကငွေ့ရည်ဖွဲ့
သူမ account မှာမိသားစုတွေက
လွဲပြီးသူငယ်ချင်းရယ်လို့မရှိခဲ့ပေ။တစ်လလောက်လည်းကြာပြီးသော်သူမလေးကို
လူတစ်ယောက်ကadd တယ်
နာမည်ကကမ္ဘာဦးတဲ့
ငွေ့လည်းပထမဆုံးသူငယ်ချင်းဆိုပြီး
လက်ခံလိုက်မိတယ်
ငွေ့နှိပ်လိုက်မိတဲ့confirm က
နောင်တစ်ချိန်မှာ
ငွေ့နှလုံးသားတစ်ခုလုံးကိုနာကျင်စေခဲ့မယ်
ဆိုတာကိုသာသိခဲ့မိရင်.....
******************အချိန်ကား၁နာရီဝန်းကျင်လောက်ရှိပြီ
ငွေ့လိုင်းပေါ်တက်တက်ချင်း
messenger ကစာတစ်စောင်ရောက်လာတယ်
Hi တဲ့ account ကိုကြည့်လိုက်မိတော့ကမ္ဘာဦးဆိုတဲ့သူ
ငွေ့လည်းပြန်နှုတ်ဆက်လိုက်တယ်
ဒီလိုပဲစကားတွေပြောရင်းနဲ့ သူနဲ့
သူငယ်ချင်းတွေဖြစ်ခဲ့တယ်လေ သူကအခုလောလောဆယ်မှာ
အသည်းကွဲပြီးအထီးကျန်နေတဲ့သူတစ်ယောက်လေ
စကားပြောဖော်ကလည်းမရှိဆိုတော့
ငွေ့လည်းသူကိုလွယ်လွယ်နဲ့ခင်မိသွားတယ်
ငွေ့ကတော်ရုံအားဖြင့်လူတစ်ယောက်ကို
လွယ်လွယ်နဲ့ခင်မင်လေ့မရှိဘူး
သူနဲ့ကျမှကိုဘာဖြစ်မှန်း
ငွေ့ကိုယ်ဘာသာလည်းမသိတော့
သူနဲ့ငွေ့နဲ့စကားတွေညတိုင်းပြောဖြစ်ကြတယ်
တစ်လဆိုတဲ့အချိန်အတွင်းမှာတစ်ယောက်
အကြောင်းတစ်ယောက်သိသင့်သလောက်
နေကြပြီပဲအပြင်မှာသာမတွေ့ဘူးတာ
တကယ်ကိုငယ်ပေါင်းကြီးဖော်တွေလိုပါပဲ
************************... 10.2020
ဒီနေ့ငွေ့ကိုသူချစ်ရေးဆိုခဲ့တယ်
ငွေ့လည်းဘာမှမစဉ်းစားပဲလက်ခံမိလိုက်တယ်
ငွေ့သိတာ ကသူအရင်ကောင်မလေးကြောင့်
ခံစားနေရတာတွေပျောက်စေချင်တာတစ်ခုပဲ
အဲနေ့ကမိုးတွေအရမ်းရွာခဲ့တယ်
သူကပြောလာတယ်မိုးတွေအရမ်းရွာတော့
ဘယ်သူကိုလွမ်းမှန်းမသိဘူးကွာ
ငွေ့သတိထားမိလိုက်ပါတယ်
သူ့အရင်ကောင်မလေးကိုရည်စူးပြီးပြောမှန်း
ဒါပေမယ့်ငွေ့ဘာမှမပြောခဲ့ပါဘူး
ချစ်သီတင်းကျွတ်လပြည့်နေကျကိုကို့ကိုကန်
တော့ရင်ချစ်ကိုမုန့်ဖိုးပေးမှာလားလို့
စာလေးတစ်စောင်ငွေ့ရိုက်ပို့လိုက်တယ်
ခနကြာတော့သူ့ဆီကပြန်စာရောက်လာတယ်
နောက်တစ်ခါအဲလိုတွေမပြောပါနဲ့
ဘာလို့လဲ ကိုယ်သူကိုသတိရသွားလို့ပါ
သူလည်းအရင်ကကိုယ့်ကိုအဲလိုပြောခဲ့ဖူးတယ်
ဪငွေ့အံသြလွန်းလို့
ဘာစကားမှကိုမပြောနိုင်တော့ဘူး
ငွေ့ကသူကိုပျော်ရွှင်စေချင်တာ
သူကတော့အတိတ်မှာပဲပိတ်မိနေတာ
အရင်လူကိုမမေ့နိုင်ပဲနဲ့နောက်လူကိုတွဲတယ်
ဆိုတာအဲတာအစားထိုးတာလို့ခေါ်ပါတယ်နော်
ကိုယ်လုပ်သမျှတိုင်းက
သူအရင်လူကိုသတိရနေစေတာဆိုရင်
ကိုယ်ကရောအခုလက်ရှိသူရဲ့ဘာလဲပေါ့နော်
ငွေ့အမျိုးမျိုးတွေးကြည့်မိတယ် နောက်တော့မှငွေ့သတိထားခဲ့မိတယ်
သူကငွေ့ကိုအရင်လူနဲ့တူအောင်ကို
တမင်တကာဖန်တီးခိုင်းတာပဲ
ရှင်းရှင်းပြောရရင်အစားထိုးတာပေါ့နော်
ငွေ့ကခေတ်ဆန်ဆန်ပေါ့ပေါ့ပါးပါးဝတ်ရတာ
တွေကိုကြိုက်တယ်
အဲတာကိုသူကမြန်မာဆန်ဆန်လေးပဲနေပါတဲ့
ငွေ့ကတော့ သြော်ကိုကအဲလိုမျိုးလေးတွေ
ကြိုက်တာလားဆိုပြီး
ပြုပြင်ခဲ့တယ်ဘယ်ဟုတ်မလဲ
သူကအရင်လူနေရာမှာအစားထိုးဖို့ကြံနေတာ
ငွေ့ကဆံပင်ဆိုတိုတိုလေးနဲ့ပဲနေတာ
သူ့အရင်လူကဆံပင်ရှည်ရှည်လေး
အာကြောင့်ငွေ့ကိုဆံပင်အရှည်ထားခိုင်းခဲ့တာ
ငွေ့ကိုမကြာခနweightချဖို့ပြောတာလည်း
သူအရင်လူကပိန်ပိန်လေးရယ်မို့လို့
ပြန်တွေးကြည့်ရင်
ငွေ့ကတကယ်ကိုအစားထိုးခံဖြစ်ခဲ့တာပါ
*********************
YOU ARE READING
💛Yellow Happiness 💛
Nouvelles💛 စိတ်ကူးထဲက အဝါရောင်အတွေးစလေးများ💛 💛 စိတ္ကူးထဲက အဝါေရာင္အေတြးစေလးမ်ား💛 Start Date-1.1.2022 End Date - Infinity