🍂ချစ်ခဲ့ရပါသော🍂Ep.1

628 49 27
                                    


ခန်းစီးလိုက်ကာမှ တဆင့် မွေ့ယာပေါ်သို့ ထိုးဖောက် ဖြာကျလျက်ရှိသောနေရောင်ခြည် အချို့၊ ခဲရောင် သဲ့သဲ့ ကာလာရှိသော လိုက်ကာမှ နေရောင် အချို့သည် ပုံမှန်ထက်ပင် ကြည့်ကောင်းနေသည်။ ဘေးနားတွင် ထောင်လျက်သား ရှိနေသော အမည်းရောင်Alarm ပေးစက်တစ်ခု၊ လေအေးပေးစက် ဆီမှ ဝူးဝူးဝါးဝါး အသံငယ် အချို့ ဟာ မနက်ခင်းတိုင်းရဲ့ မကြားချင်ဆုံးသော အသံများ.....

လေအေးပေးစက်မှ အေးလာ၍ ပိတ်ပီး ပြန်အိပ်ဖို့အပြင် အမည်းရောင် လေးထောင့်အသွင်ရှိသော နိုးစက်မှ
"ကလောင် ကလောင် ကလောင်"

မျက်လုံးအားမဖွင့်ပဲ ထို နိုးစက်အား အသံပိတ်လိုက်သည်။

ထို့နောက် အပြင်းကြောဆန့်ကာ အိပ်ယာမှ ထဖို့ပြင်ရတော့သည်။

"အချိန်တေကလည်း မြန်ချက်ပဲ ငါတောင်မအိပ်ရသေးဘူး သူတို့က ရောက်နေပီ "

ပြောချင်တာပြောပီး မှန်တင်ခုံပေါ်မှ ခေါင်းစီးကြိုး တစ်ကွင်း ယူကာ နဖူးပေါ် ‌ဝဲလျက်ရှိသော ငွေရောင် ဆံနွယ်များအား စုချည်လိုက်သည်။
JEON JUNG KOOK ရဲ့ တနေ့တာ စတင်ပီ.......

‌ဆံနွယ်တေချည်ပီးရုံနှင့်မပီး မှန်အား တစ်ခါကြည့်လျှင် နာရီဝက် ကျော်အောင် ထိုင်ကြည့်တတ်သော အကျင့်လေးက မွေးကတည်းကပင် DNAထဲမာ ကပ်ပါလာပီးသား.......

ထို့နောက် ရေချိုးခန်းရှိရာသို့ ခြေဦးလှည့်မှ ဖြစ်တော့မည်။

"လာပါ Jeon Jung kook ရယ် ကျောင်းနောက်ကျတော့မယ် "
ဆိုပီး ကို့ကိုယ်ကို ပြောလျက် ရှေ့ချိုးခန်းဘက်သို့ မျက်နှာမူလိုက်သည်။

"ဆောင်းရာသီကြီး ရေမချိုးချင်ပါဘူးဆိုကွာ ကျောင်းကလာ ဖွင့်နေတယ် ကျစ်"

5မိနစ်အကြာတွင် ရေချိုးခန်းထဲမှ အဖျားနားတွင် ရေသီးလေးများ ခိုတွဲလျက်ရှိသော ဆံနွယ်ရှည်တွေအား သပတ်ဖြင့်ခါလျက် ဗီဒိုနားသို့ လျှောက်လာသည်။

ထို့နောက် ဝတ်နေကြအတိုင်း အမည်းရောင်Hoodieတစ်ထည်ကောက်စွတ်ကာ ဘောင်းဘီကတော့ အဆင်ပြေရာ ဝတ်လိုက်သည်။ဆံနွယ်တေအား တဝက်တိတိ ခွဲယူလျက် ခုနက ခေါင်းစီးကြိုးနဲ့ပင် ခပ်တင်းတင်း စီးလိုက်ပီး လွယ်အိတ်ယူကာ ကျောင်းသွား‌ဖို့ အရှိန်ယူပီး နံရံ၌ အစီအရီ ချိတ်ဆွဲထားသော ဆိုင်ကယ်သော့များထဲမှ တစ်ခုဆွဲကာ အိမ်မှထွက်လာခဲ့သည်။

🍂ချစ်ခဲ့ရပါသော🍂Where stories live. Discover now